Samsung ဟာ ဇွန်လမှာ 48MP ပင်မ ကင်မရာတွေ တပ်ဆင်ထားတဲ့ Galaxy A22 4G နဲ့ 5G ကို ကြေညာခဲ့ပြီး အခုတော့ 50MP ပင်မ ကင်မရာ ၁ လုံးပါတဲ့ Galaxy A23 ကို ဖန်တီးနေတဲ့ သတင်းတွေထွက်လာပါတယ်။

สเปค Galaxy A32 5G จอใหญ่เต็มตา | Samsung Thailand

နယ်သာလန် မီဒီယာ GalaxyClub က အရင်မျိုးဆက် Galaxy A22 လိုပဲ Galaxy A23 အတွက် 4G နဲ့ 5G Version တွေ ထုတ်လုပ်ထားမှာ ဖြစ်တယ်လို့  သတင်းပေးလာပါတယ်။ ဒါပေမယ့် နိုင်ငံအားလုံးမှာ 4G နဲ့ 5G မော်ဒယ် ၂ မျိုးစလုံးကို ရောင်းချမှာ မဟုတ်ပါဘူး။

We tested Samsung's cheapest 5G Galaxy phone, and it's not bad - CNET

Samsung Galaxy A23 ရဲ့ Specifications တွေကို များများစားစား မသိရသေးပေမယ့် GalaxyClub က အရွယ်အစား ကြီးမားတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Samsung က Galaxy A23 ကို ကြေညာမယ့် နေ့ရက်ကို မပြောသေးပါဘူး။

Samsung အပါအဝင် စမတ်ဖုန်း ကုမ္ပဏီတော်တော်များများဟာ စွမ်းရည်သင့်နဲ့ စွမ်းရည်နိမ့် စမတ်ဖုန်းတွေမှာ 48MP ကင်မရာ ဆန်ဆာတွေကို ထည့်သွင်းရောင်းချနေကြပါတယ်။ အခုတော့ 50MP ကင်မရာ ဆန်ဆာတွေကို အစားထိုး အသုံးပြုလာကြတော့မယ်ထင်ပါတယ်။ အဲဒီအထဲက ၁ လုံးက Samsung Galaxy A23 ဖြစ်လာမှာပါ။

လက်ရှိမှာ Samsung Galaxy A23 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ လာမယ့် လတွေအတွင်း အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။

Ref : gsmarena