Samsung ကနေ Mid Range Galaxy A Series ဖုန်းတွေထဲမှာ အသစ်ဖြစ်လာမယ့် Galaxy A31 က အခုဆိုရင်ဆက်တိုက်ကိုသတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ အခုလည်း Galaxy A31 ဟာ Bluetooth SIG ရဲ့ Website မှာ Certified ဖြစ်သွားပါပြီ။

အဆိုပါ Bluetooth SIG Website မှာရှိတဲ့ Galaxy A41 ဟာ Model Number အနေနဲ့ SM-A315F/DS အနေနဲ့ဖော်ပြထားတာဖြစ်ပြီး Bluetooth 5.0 ပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Website မှာ တခြားသော Specification တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် ယခင်ထွက်ရှိထားတဲ့ Geekbench Benchmark တွေအရတော့ Galaxy A31 ဖုန်းဟာ MediaTek Helio P65 Processor ပါဝင်မှာဖြစ်ပြီး RAM 4GB နဲ့ Android 10 OS ကို အသုံးပြုလာမှာဖြစ်ပါတယ်။ တခြားထွက်ရှိထားတဲ့သတင်းတွေအရဆိုရင် 64GB Base Storage နဲ့ 5000mAh Battery လည်းပါဝင်လာဦးမှာပါ။

Camera ပိုင်းအနေနဲ့တော့ Galaxy A31 မှာ Triple Camera Setup ထည့်သွင်းလာနိုင်ပြီး 48MP Primary Sensor နဲ့ 5MP Macro Sensor ပါဝင်ဖို့တော့ ကျိန်းသေသွားပြီဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Galaxy A31 ဟာ Budget A Series ဖုန်းတွေထဲမှာ အောင်မြင်လာဦးမှာပါ။

Ref – GSM Arena