Samsung က Galaxy A35 ကို ကြေညာလိုက်ပြီး အနောက်ဘက်နဲ့ဖရိမ်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပါတယ်။ ပါဝါနဲ့ အသံခလုတ်တွေဟာ ဖရိမ်ကနေ တော်တော် ငေါထွက်နေတဲ့ ဒီဇိုင်း အသစ်ကို သုံးထားပါတယ်။

Samsung Galaxy A35

6.6” Super AMOLED မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Exynos 1380 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 13MP ကင်မရာနဲ့ အနောက်ဘက်မှာ OIS ပါတဲ့ 50MP Main , 8MP Ultrawide , 5MP Macro ကင်မရာတွေ တပ်ထားပါတယ်။

Samsung Galaxy A35: 120Hz AMOLED display, Exynos 1380 chip, IP67 protection and 50 MP camera priced from 379 euros | gagadget.com

မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာမြှုပ်နှံထားပြီး စတီရီယို စပီကာ ၂ လုံး ပါပါတယ် IP67 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Android 14 အခြေပြု One UI 6.1 မောင်းနှင်ထားပါတယ်။ Samsung က OS Upgrade ၄ ကြိမ်နဲ့ Security Update ၅ နှစ်ပေးမယ်လို့ ပြောပါတယ်။

25W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Lilac, Lemon , Ice Blue နဲ့ Navy အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ဥရောပမှာ ၃၈၀ ယူရို သတ်မှတ်ထားပြီး 8/128GB နဲ့ 8/256GB Version တွေလည်း ထုတ်လုပ်ထားပါတယ်။

Ref : gizmochina