Geekbench ပေါ်ကို မော်ဒယ်နံပါတ် SM-A426B နဲ့ Samsung ဟန်းဆက်တစ်ခု ရောက်လာခဲ့ပြီး အမည်အရ Galaxy A42 5G ဖြစ်မယ်လို့ ယူဆရပါတယ်။ သူ့ရဲ့ နံပါတ်နဲ့အတူ အဓိက Specs အချို့ကိုလည်း သိခွင့်ရခဲ့ပါတယ်။

သူ့မှာ Android 10 OS အသုံးပြုထားပြီး 4GB RAM မန်မိုရီ ပါဝင်လာတယ်။ ချစ်ပ်ဆက်အပိုင်းမှာ ကုဒ်နာမည် “Lito” လို့ ဆိုထားတာကြောင့် Snapdragon 765G ချစ်ပ်ဆက်လို့ ယူဆရပြီး ပရိုဆက်ဆာရဲ့ ဖော်ပြပါ အချက်အလက်တွေကလည်း အတူတူပဲ ဖြစ်ပေမယ့် ဝက်ဘ်ဆိုက်ပေါ်က Source Code တွေကတော့ မတူညီတဲ့ တစ်ခုကို ညွှန်းဆိုထားပါတယ်။

Code ထဲမှာ ဒီဟန်းဆက်ရဲ့ GPU ဟာ Snapdragon 765G မှာပါတဲ့ Adreno 620 အစား Adreno 619 လို့သာ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် Galaxy A42 5G ဟန်းဆက်မှာ Snapdragon 690 ချစ်ပ်ဆက်သာ အသုံးပြုထားတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

Samsung ကတော့ ထုံးစံအတိုင်း ဒီဟန်းဆက်ရဲ့ တည်ရှိမှုကို အတည်မပြုပေးသေးပေမယ့် လွန်ခဲ့တဲ့ လကမှ တရုတ်ပြည်တွင်း 3C ဝက်ဘ်ဆိုက်မှာလည်း 4,860 mAh ဘက္ထရီ နဲ့ အတည်ပြုချက် ရယူခဲ့တာကို တွေ့ခဲ့ရပါသေးတယ်။

အခြားသတင်းတွေကတော့ Galaxy A42 5G စမတ်ဖုန်းဟာ 128GB Storage ပမာဏ ပါဝင်ပြီး ၂၀၂၁ ခုနှစ် အစောပိုင်းမှ ရောင်းချလာမယ်လို့လည်း ဆိုနေပါတယ်။

Ref – GSMArena