[Zawgyi]

DxOMark ဆိုတာက လြန္ခဲ့တဲ့ ၂၀၀၈ ခုႏွစ္ကတည္းက စမတ္ဖုန္းေတြ၊ ကင္မရာေတြနဲ႔ မွန္ဘီလူးေတြရဲ႕ ပုံရိပ္အရည္အေသြးကို တိုင္းတာၿပီး အဆင့္သတ္မွတ္ခ်က္ေတြ ေပးခဲ့တဲ့ ဝက္ဘ္တစ္ခုလည္း ျဖစ္ပါတယ္။ DxOMark ရဲ႕ စမ္းသပ္မႈနဲ႔ ေပးအပ္တဲ့ရမွတ္ဟာ ဒီနယ္ပယ္ထဲမွာေတာ့ အေရးပါတဲ့ စံႏႈန္းသတ္မွတ္ခ်က္လို ျဖစ္ေနတာပါ။

Samsung Galaxy A50 ဟာ အားလုံးသိၾကတဲ့အတိုင္း ေက်ာဘက္ကင္မရာ ၃လုံးနဲ႔ ပြဲထြက္လာခဲ့တာပါ။ 25MP, 8MP နဲ႔ 5MP ေက်ာဘက္ကင္မရာသုံးလုံးက တကယ္ပဲ အရည္အေသြးျမင့္ပုံရိပ္ေတြကို ရယူေပးႏိုင္ပါ့မလားလို႔ သိခ်င္သူေတြအေနနဲ႔ DoXMark ရဲ႕ ထုတ္ျပန္မႈကို ျမင္လိုက္ရရင္ ေက်နပ္သြားၾကမယ္လို႔ ထင္ပါတယ္။

Galaxy A50 ရဲ႕ စုစုေပါင္းရမွတ္က ၈၃ မွတ္ပါ။ ဒီရမွတ္က Flagship ရမွတ္လို႔ မဆိုႏိုင္ေပမယ့္ LG G7 ThinQ နဲ႔ ရမွတ္တူျဖစ္ၿပီး Apple iPhone 7 ထက္ သုံးမွတ္ပဲ ေလ်ာ့နည္းတာ ျဖစ္ပါတယ္။ အေသးစိတ္ၾကည့္မယ္ဆိုရင္ေတာ့ ဓါတ္ပုံ႐ိုက္ကူးမႈပိုင္းမွာ ရမွတ္ ၈၅ မွတ္ရရွိၿပီး ဗီဒီယို႐ိုက္ကူးမႈအပိုင္းမွာ ရမွတ္ ၇၉ မွတ္ရရွိတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ဓါတ္ပုံ႐ိုက္ကူးမႈအပိုင္းမွာ Exposure ရမွတ္က ေကာင္းမြန္တယ္ဆိုေပမယ့္ Texture နဲ႔ Noise ကေတာ့ ရမွတ္အနည္းငယ္ နည္းပါးေနတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ Low Light ေတြမွာ ႐ိုက္ကူးမယ္ဆိုရင္ေတာ့ စိတ္ရွည္ဖို႔ လိုအပ္မွာပါ။ ဗီဒီယိုမွာ Auto-focus ရမွတ္က နည္းပါးတယ္ဆိုေပမယ့္ Stabilization ရမွတ္ကေတာ့ ေက်နပ္စရာျဖစ္တာကို ေတြ႕ရပါတယ္။

Ref: GSM Arena

[Unicode]

DxOMark စမ်းသပ်မှုမှာ အသိအမှတ်ပြုစရာ ရမှတ်ပိုင်ဆိုင်ခဲ့တဲ့ Samsung Galaxy A50

DxOMark ဆိုတာက လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက စမတ်ဖုန်းတွေ၊ ကင်မရာတွေနဲ့ မှန်ဘီလူးတွေရဲ့ ပုံရိပ်အရည်အသွေးကို တိုင်းတာပြီး အဆင့်သတ်မှတ်ချက်တွေ ပေးခဲ့တဲ့ ဝက်ဘ်တစ်ခုလည်း ဖြစ်ပါတယ်။ DxOMark ရဲ့ စမ်းသပ်မှုနဲ့ ပေးအပ်တဲ့ရမှတ်ဟာ ဒီနယ်ပယ်ထဲမှာတော့ အရေးပါတဲ့ စံနှုန်းသတ်မှတ်ချက်လို ဖြစ်နေတာပါ။

Samsung Galaxy A50 ဟာ အားလုံးသိကြတဲ့အတိုင်း ကျောဘက်ကင်မရာ ၃လုံးနဲ့ ပွဲထွက်လာခဲ့တာပါ။ 25MP, 8MP နဲ့ 5MP ကျောဘက်ကင်မရာသုံးလုံးက တကယ်ပဲ အရည်အသွေးမြင့်ပုံရိပ်တွေကို ရယူပေးနိုင်ပါ့မလားလို့ သိချင်သူတွေအနေနဲ့ DoXMark ရဲ့ ထုတ်ပြန်မှုကို မြင်လိုက်ရရင် ကျေနပ်သွားကြမယ်လို့ ထင်ပါတယ်။

Galaxy A50 ရဲ့ စုစုပေါင်းရမှတ်က ၈၃ မှတ်ပါ။ ဒီရမှတ်က Flagship ရမှတ်လို့ မဆိုနိုင်ပေမယ့် LG G7 ThinQ နဲ့ ရမှတ်တူဖြစ်ပြီး Apple iPhone 7 ထက် သုံးမှတ်ပဲ လျော့နည်းတာ ဖြစ်ပါတယ်။ အသေးစိတ်ကြည့်မယ်ဆိုရင်တော့ ဓါတ်ပုံရိုက်ကူးမှုပိုင်းမှာ ရမှတ် ၈၅ မှတ်ရရှိပြီး ဗီဒီယိုရိုက်ကူးမှုအပိုင်းမှာ ရမှတ် ၇၉ မှတ်ရရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဓါတ်ပုံရိုက်ကူးမှုအပိုင်းမှာ Exposure ရမှတ်က ကောင်းမွန်တယ်ဆိုပေမယ့် Texture နဲ့ Noise ကတော့ ရမှတ်အနည်းငယ် နည်းပါးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် Low Light တွေမှာ ရိုက်ကူးမယ်ဆိုရင်တော့ စိတ်ရှည်ဖို့ လိုအပ်မှာပါ။ ဗီဒီယိုမှာ Autofocus ရမှတ်က နည်းပါးတယ်ဆိုပေမယ့် Stabilization ရမှတ်ကတော့ ကျေနပ်စရာဖြစ်တာကို တွေ့ရပါတယ်။

Ref: GSM Arena