Samsung Galaxy A51 ဟာ Lightning Port ပါတဲ့ ကမ္ဘာ့ ပထမဆုံး Android စမတ်ဖုန်း ဖြစ်လာပါတယ်။ အဲဒီဖုန်းမှာ Lightning Port တပ်ဆင်ပေးလိုက်တာက Ken Pillonel ဆိုသူ ဖြစ်ပြီး သူဟာ အရင်ကလည်း iPhone မှာ USB-C Port ကို ပထမဆုံး တပ်ဆင်ပေးလိုက်နိုင်ခဲ့ပါတယ်။

Samsung-Galaxy-A51

Lightning Port တွေကို iPhone , iPad နဲ့ တခြား Apple Device တွေမှာပဲ တပ်ဆင်ထားကြပါတယ်။ Apple က  iPhone မှာ USB-C Charging Port တပ်ဆင်ပေးထားခြင်း မရှိပေမယ့် Pillonel ဟာ အရင်နှစ်က iPhone မော်ဒယ် ၁ လုံးမှာ USB-C Port တပ်ဆင်ပြခဲ့ပါတယ်။ အခုတော့ သူက Android ဖုန်းမှာ Lightning Port တပ်ဆင်ပြလိုက်ပြန်ပါတယ်။

Pillonel က Samsung Galaxy A51 မှာ Lightning Port တပ်ဆင်တဲ့ ဖြစ်စဉ်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယို အတို ၁ ခုကို မျှဝေထားပါတယ်။ နည်းပညာ ဂုရုက တပ်ဆင်ပုံ တပ်ဆင်နည်း အသေးစိတ်ကို ပြသထားတဲ့ ဗီဒီယိုကိုလည်း မျှဝေပေးမယ်လို့ ပြောထားပါတယ်။ သူက USB-C iPhone ကို ဖန်တီးပြီးနောက်မှာ မျှတမှု ရှိအောင် Lightning Android စမတ်ဖုန်းကို ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။

အဲဒီ Samsung Galaxy A51 ဖုန်းကို Apple iPhone Charger တွေနဲ့ တွဲဖက် အသုံးပြုလို့ရပြီး Ultra-fast Charger တွေဟာ သမားရိုးကျ USB-C 2.0 Charging တွေထက် အားသွင်းနှုန်း ပိုမို မြန်ဆန်ပါတယ်။ Pillonel ရဲ့ အသေးစိတ် ဗီဒီယိုမှာ အားသွင်း အမြန်နှုန်းတွေကို လေ့လာနိုင်မယ်လို့ ထင်ရပါတယ်။

Ref : gizmochina