[Unicode]

Samsung က ဗီယက်နမ်မှာ Galaxy A 2020 Series ဖုန်း အသစ် ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။ Galaxy A51 နဲ့ A71 လို့ နာမည်ပေးထားပြီး A51 မှာ Galaxy Note 10 မှာလို မျက်နှာပြင်ရဲ့ အထက် အလယ်နားမှာ Punch-hole ထည့်ထားပါတယ်။ အနောက်ကင်မရာ ၄ လုံး၊ အရွယ်ကြီး ဘက်ထရီနဲ့ အရောင် ဒီဇိုင်းတွေက အဲဒီဖုန်းရဲ့ အလန်းစား ဂုဏ်ဒြပ်တွေပါ။

A51 မှာ ၆.၅ လက်မ Infinity-O S-AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးက 20:9 ရှိတဲ့အတွက် ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်ရင် တော်တော် မိုက်မှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး မျက်နှာ အာရုံခံ နည်းပညာ ပါပါတယ်။ 2.3GHz Octa-core Exynos 9611 Chipset မောင်းနှင်ထားပြီး 4GB , 6GB နဲ့ 8GB RAM တွေ ရွေးချယ်နိုင်ပါတယ်။ 64GB နဲ့ 128GB Storage တွေ ထုတ်လုပ်ထားပြီး microSD Card စိုက်နိုင်ပါတယ်။

32MP အရှေ့ ကင်မရာက အလန်းစား ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို လေးထောင့်ကွက်ထဲမှာ ထည့်ထားပြီး 48MP Main , 5MP Depth , 5MP Macro နဲ့ 12MP Ultrawide ကင်မရာတွေ ဖြစ်ပါတယ်။ Android 10 အခြေပြု One UI 2.0 နဲ့ 15W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ပါပါတယ်။

ဗီယက်နမ်မှာ ဒေါင် ၇,၉၉၀,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၅၂၀,၀၀၀ လောက် ကျသင့်မှာပါ။ ဒီလ ၁၆ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ၂၇ ရက်နေ့မှာ ရောင်းပေးမှာပါ။ Prism Crush Black, Prism Crush White, Prism Crush Blue နဲ့ Prism Crush Pink အရောင်တွေ ရွေးချယ်နိုင်မှာပါ။ တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina

[Zawgyi]

48MP အပါအ၀င္ အေနာက္ကင္မရာ ၄ လံုးပါတဲ့ Samsung Galaxy A51 ကို မိတ္ဆက္

Samsung က ဗီယက္နမ္မွာ Galaxy A 2020 Series ဖုန္း အသစ္ ၂ လံုးကို မိတ္ဆက္လိုက္ပါတယ္။ Galaxy A51 နဲ႔ A71 လို႔ နာမည္ေပးထားၿပီး A51 မွာ Galaxy Note 10 မွာလို မ်က္ႏွာျပင္ရဲ႕ အထက္ အလယ္နားမွာ Punch-hole ထည့္ထားပါတယ္။ အေနာက္ကင္မရာ ၄ လံုး၊ အရြယ္ႀကီး ဘက္ထရီနဲ႔ အေရာင္ ဒီဇိုင္းေတြက အဲဒီဖုန္းရဲ႕ အလန္းစား ဂုဏ္ျဒပ္ေတြပါ။

A51 မွာ ၆.၅ လက္မ Infinity-O S-AMOLED မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး Full HD+ Resolution ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးက 20:9 ရွိတဲ့အတြက္ ရုပ္ရွင္၊ ဗီဒီယိုေတြ ၾကည့္ရင္ ေတာ္ေတာ္ မိုက္မွာပါ။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားၿပီး မ်က္ႏွာ အာရံုခံ နည္းပညာ ပါပါတယ္။ 2.3GHz Octa-core Exynos 9611 Chipset ေမာင္းႏွင္ထားၿပီး 4GB , 6GB နဲ႔ 8GB RAM ေတြ ေရြးခ်ယ္ႏိုင္ပါတယ္။ 64GB နဲ႔ 128GB Storage ေတြ ထုတ္လုပ္ထားၿပီး microSD Card စိုက္ႏုိင္ပါတယ္။

32MP အေရွ႕ ကင္မရာက အလန္းစား ဓါတ္ပံုေတြ ရိုက္ကူးေပးႏုိင္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုးကို ေလးေထာင့္ကြက္ထဲမွာ ထည့္ထားၿပီး 48MP Main , 5MP Depth , 5MP Macro နဲ႔ 12MP Ultrawide ကင္မရာေတြ ျဖစ္ပါတယ္။ Android 10 အေျချပဳ One UI 2.0 နဲ႔ 15W Fast Charging ပါတဲ့ 4,000mAh ဘက္ထရီ ပါပါတယ္။

ဗီယက္နမ္မွာ ေဒါင္ ၇,၉၉၀,၀၀၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၅၂၀,၀၀၀ ေလာက္ က်သင့္မွာပါ။ ဒီလ ၁၆ ရက္ေန႔မွာ ႀကိဳတင္မွာယူႏုိင္မွာ ျဖစ္ၿပီး ၂၇ ရက္ေန႔မွာ ေရာင္းေပးမွာပါ။ Prism Crush Black, Prism Crush White, Prism Crush Blue နဲ႔ Prism Crush Pink အေရာင္ေတြ ေရြးခ်ယ္ႏုိင္မွာပါ။ တျခား ႏုိင္ငံေတြမွာ ေရာင္းမယ့္ သတင္းကို မသိရေသးပါဘူး။

Ref : gizmochina