Samsung Galaxy A51 ကို အမေရိကန်မှာ Sprint နဲ့ Verizon တို့ကနေ ရောင်းပေးထားပြီး အခုတော့ AT&T နဲ့ Xfinity Mobile တို့ကနေပါ ဝယ်ယူနိုင်ပါပြီ။ Galaxy A51 အတွက် Prism Crush Black ၁ ရောင်ထဲ ရောင်းပေးထားပြီး 4GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ ၄၀၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၆ သောင်းလောက်ရှိပါတယ်။ အရစ်ကျ ဝယ်ယူနိုင်မယ့် အစီအစဉ်တွေလည်း ရှိပါတယ်။

Galaxy A51 ကို Samsung USA ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေလည်း ရောင်းပေးနေပေမယ့် လက်ရှိမှာ Unlocked Model ဟာ ပစ္စည်းပြတ်နေပါတယ်။ Galaxy A51 မှာ Exynos 9611 SoC မောင်းနှင်ထားပြီး ၆.၅ လက်မ Infinity-O Super AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ FullHD+ Resolution ရှိပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာပါတယ်။ Punch Hole မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 48MP Main , 12MP Ultrawide , 5 MP Depth နဲ့ 5MP Macro ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး 4,000mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။ USB-C Port ကနေ 15W Charging နဲ့ အားသွင်းပေးနိုင်ပါတယ်။

Ref : gsmarena