Samsung ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Mid Range စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Samsung Galaxy A51 ကို မိတ်ဆက်ခဲ့ပြီး အဆိုပါ စမတ်ဖုန်းဟာ လောလောဆယ် Mid Range ဖုန်းတွေထဲမှာ ရောင်းအားအကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်နေပါတယ်။ အဲ့ဒီလိုပဲ Samsung ကလည်း ပုံမှန် Security Patch Update တွေနဲ့ Software ပိုင်းကို ပိုပြီး Improvement ပြုလုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကလည်း Samsung ကနေ Galaxy A51 စမတ်ဖုန်းကို OneUI 2.1 ကို Update ပြုလုပ်ပေးခဲ့ပြီး အခုလည်း Camera ပိုင်းမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ Feature အသစ်တွေပါဝင်လာတဲ့ Software Update ကိုထုတ်ပေးလိုက်ပါပြီ။ ဒါကတော့ Galaxy S20 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Single ၊ My Filters နဲ့ Night Hyperlapse လိုမျိုး Feature အသစ်တွေကို Galaxy A51 ဖုန်းအတွက်ထည့်ပေးလိုက်တာဖြစ်ပါတယ်။

အဆိုပါ Software Update Version အနေနဲ့ကတော့ “A515FXXU3BTF4 / A515FOLM3BTE8 / A515FXXU3BTE7” လို့သိရပြီးတော့ File Size အနေနဲ့ 336.45MB ခန့် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီ Camera Feature တွေထဲက Single Take Feature ဟာ အချိန်ခဏပေးပြီး Short Video တစ်ခုရိုက်ကူးလိုက်တာနဲ့ AI ကနေ မတူညီတဲ့ဓါတ်ပုံတွေ၊ GIF တွေနဲ့ Short VIdeo တွေကို အလိုအလျောက်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

အဲ့ဒီလိုမျိုးပဲ My Filter နဲ့ Night Hyperlapse လို Feature တွေကလည်း စိတ်ဝင်စားဖို့ကောင်းနေပြီး Galaxy A51 ဟာ အခုလို Flagship Camera Feature တွေကို အစောဆုံးရရှိလာတဲ့ Galaxy A Series ဖုန်းလည်းဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဆိုပါ Software Update ကို Malaysia မှာ စတင်ထုတ်ပေးနေပြီး June 1, 2020 Android Security Patch လည်းပါဝင်မယ်လို့ သိရပါတယ်။

Ref – GSM Arena