စွမ်းရည်သင့် Samsung Galaxy A53 5G ကို မကြာခင်က NBTC နဲ့ FCC တို့မှာ ခွင့်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာတော့မှာပါ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ WinFuture က တရားဝင် ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး အနောက်ဘက် ကာဗာ ဒီဇိုင်းဟာ Galaxy A52 နဲ့ တော်တော် ဆင်တူပါတယ်။ ဒါပေမယ့် ကင်မရာ Island ဒီဇိုင်းကို ပြောင်းလဲထားပြီး ကင်မရာ ငေါထွက်နေတာဟာ ပိုကြည့်ကောင်းလာပါတယ်။ အရှေ့ဘက်မျက်နှာပြင် ဘေးဘောင်တွေဟာ နည်းနည်း ထူပြီး အလယ်မှာ Punch Hole ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Samsung Galaxy A53 5GSamsung Galaxy A53 5G

ပေါက်ကြားနေတဲ့ သတင်းအရ Galaxy A53 5G မှာ အနောက်ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပြီး 64MP Main , 12MP Ultrawide , 5MP Depth နဲ့ 5MP Macro တို့ ဖြစ်ပါတယ်။ ၆.၅ လက်မ Super AMOLED 2400x1080p မျက်နှာပြင်နဲ့ 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပြီး Samsung ရဲ့ စွမ်းရည်သင့် Exynos 1200 SoC မောင်းနှင်ထားမှာပါ။

Samsung Galaxy A53 5GSamsung Galaxy A53 5G

6GB နဲ့ 8GB RAM Version ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး 128GB Storage ပါလာမှာ ဖြစ်ကာ 1TB microSD Card စိုက်နိုင်မှာပါ။ ဘက်ထရီအကြောင်းပြောရရင် 5,000mAh ပါလာမှာ ဖြစ်ပြီး 25W Fast Charging ထောက်ပံ့ထားမှာပါ။

အရင်သတင်းတွေအရ Galaxy A73 နဲ့ Galaxy A53 တို့လို A Series ဖုန်း အသစ်တွေကို ဒီလကုန် သို့မဟုတ် မတ်လအတွင်း နိုင်ငံများစွာမှာ ကြေညာမယ်လို့ သိရပါတယ်။ Galaxy A53 ကို နိုင်ငံတချို့မှာ Snapdragon Chipset နဲ့ ရောင်းချနိုင်ပါတယ်။ အဲဒီဖုန်းရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် ၄၉၉ ဒေါ်လာ (၈၇၀,၀၀၀ ကျပ်)ဝန်းကျင်နဲ့ ရောင်းချနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina