Samsung က မတ်လမှာ Galaxy A52 နဲ့ A52 5G ကို ကြေညာခဲ့ပြီး အဲဒီနောက် ဩဂုတ်လမှာ A52s 5G ကို ချပြခဲ့ပါတယ်။ အခုတော့ Samsung က Galaxy A53 ကို မိတ်ဆက်ဖို့ စီစဉ်နေပြီး အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေဟာ အွန်လိုင်းမှာ ပေါက်ကြားနေပါတယ်။ အခုလည်း Galaxy A53 ရဲ့ အရောင်တွေပေါက်ကြားလာပါတယ်။

Samsung Galaxy A53's color options leak - GSMArena.com news

GalaxyClub က Galaxy A53 အတွက် Black , White, Light Blue နဲ့ Orange အနည်းဆုံး အရောင် ၄ မျိုးထုတ်လုပ်ထားမယ်လို့ ပြောပါတယ်။ Samsung ဟာ ၂၀၂၂ ခုနှစ် ပထမ ၃ လအတွင်း အဲဒီ စမတ်ဖုန်းကို ကြေညာမှာ ဖြစ်ပြီး အဲဒီနောက်မှာ အရောင်အသစ်တွေ ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

GalaxyClub က Galaxy A53 မှာ 64MP Main ကင်မရာ ပါလာမယ်လို့ အရင်က သတင်းပေးထားပြီး အဲဒီ ကင်မရာကို Galaxy A52s မှာလည်း ထည့်သွင်းထားပါတယ်။ Galaxy A52s ရဲ့ တခြား ကင်မရာတွေ ဖြစ်တဲ့ 12MP Ultrawide , 5MP Depth နဲ့ 5MP Macro တွေကို Galaxy A53 မှာ ထည့်သွင်းထားမလားဆိုတာ မသိရသေးပါဘူး။

Samsung Galaxy A53 ရဲ့ တခြား သတင်းအချက်အလက်တွေကို လက်ရှိမှာ သိပ်မသိရသေးပါဘူး။ လာမယ့် လအနည်းငယ်အတွင်းမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်လာနိုင်ပါတယ်။

Ref : gsmarena