[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ Samsung Galaxy A70 နဲ႔ A60 တို႔ကို TENAA မွာ ေတြ႕ခဲ့ၾကၿပီးပါၿပီ။ ဒါေပမယ့္ အဲဒီတုန္းက ေတြ႕ရတာဟာ ႐ုပ္ပုံနဲ႔ အေျခခံ Specs ေတြပဲ ျဖစ္ပါတယ္။ ေနာက္ေန႔က်ေတာ့ A70 အေၾကာင္း အျပည့္အစုံသိခဲ့ရေပမယ့္ Galaxy A 60 အေၾကာင္း အျပည့္အစုံကေတာ့ အခုမွ သိရတာပါ။

TENAA ရဲ႕ ေဖာ္ျပမႈအရ Galaxy A60 ဟာ 32MP In-screen Selfie ကင္မရာနဲ႔ ျဖစ္မယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ဟာ 19.5:9 အခ်ိဳးအစားျဖစ္ၿပီး 6.3-inch အ႐ြယ္အစား Full HD+ resolution ျဖစ္တယ္လို႔ ဆိုပါတယ္။ Memory ကေတာ့ 6GB ဒါမွမဟုတ္ 8GB ျဖစ္ပါလိမ့္မယ္။

Galaxy A 60 ရဲ႕ CPU ကို 2.0 GHz/1.7GHz အျဖစ္ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ထုတ္ျပန္ျခင္း မျပဳရေသးတဲ့ Octa-core Exynos Chipset ျဖစ္မယ္လို႔ ယူဆရပါတယ္။ RAM ကို ႏွစ္မ်ိဳးႏွစ္စား ေ႐ြးခ်ယ္ႏိုင္သလိုပဲ Storage ကိုလည္း 64GB နဲ႔ 128GB ဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။

Selfie ကင္မရာကေတာ့ ISOCELL GD1 sensor နဲ႔ျဖစ္မယ္လို႔လည္း သိရပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံးကို တပ္ဆင္ထားၿပီး 16MP ပုံမွန္ lens, 8MP (telephoto lens) နဲ႔ 5MP (depth sensor) ေတြပဲ ျဖစ္ပါတယ္။ ဘက္ထရီကေတာ့ 3,410mAh ျဖစ္ၿပီးေတာ့ အေရာင္ကေတာ့ အနက္၊ အျပာနဲ႔ လိေမၼာ္ေရာင္ေတြအျပင္ Coral color လည္း ပါဝင္လာမယ္လို႔ သိရပါတယ္။ လာမယ့္ ဧၿပီလ ၁၀ ရက္ေန႔မွာ Galaxy A 60 ကို ေတြ႕ျမင္ရမယ္လို႔ ခန႔္မွန္းရပါတယ္။

Ref: GSMArena

[Unicode]

TENAA မှာ Samsung Galaxy A60 ရဲ့ Specs အပြည့်အစုံကိုတွေ့ရပြီ

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Samsung Galaxy A70 နဲ့ A60 တို့ကို TENAA မှာ တွေ့ခဲ့ကြပြီးပါပြီ။ ဒါပေမယ့် အဲဒီတုန်းက တွေ့ရတာဟာ ရုပ်ပုံနဲ့ အခြေခံ Specs တွေပဲ ဖြစ်ပါတယ်။ နောက်နေ့ကျတော့ A70 အကြောင်း အပြည့်အစုံသိခဲ့ရပေမယ့် Galaxy A 60 အကြောင်း အပြည့်အစုံကတော့ အခုမှ သိရတာပါ။

TENAA ရဲ့ ဖော်ပြမှုအရ Galaxy A60 ဟာ 32MP In-screen Selfie ကင်မရာနဲ့ ဖြစ်မယ်လို့ သိရပါတယ်။ မျက်နှာပြင်ဟာ 19.5:9 အချိုးအစားဖြစ်ပြီး 6.3-inch အရွယ်အစား Full HD+ resolution ဖြစ်တယ်လို့ ဆိုပါတယ်။ Memory ကတော့ 6GB ဒါမှမဟုတ် 8GB ဖြစ်ပါလိမ့်မယ်။

Galaxy A 60 ရဲ့ CPU ကို 2.0 GHz/1.7GHz အဖြစ် ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ထုတ်ပြန်ခြင်း မပြုရသေးတဲ့ Octa-core Exynos Chipset ဖြစ်မယ်လို့ ယူဆရပါတယ်။ RAM ကို နှစ်မျိုးနှစ်စား ရွေးချယ်နိုင်သလိုပဲ Storage ကိုလည်း 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးနှစ်စား ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Selfie ကင်မရာကတော့ ISOCELL GD1 sensor နဲ့ဖြစ်မယ်လို့လည်း သိရပါတယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံးကို တပ်ဆင်ထားပြီး 16MP ပုံမှန် lens, 8MP (telephoto lens) နဲ့ 5MP (depth sensor) တွေပဲ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3,410mAh ဖြစ်ပြီးတော့ အရောင်ကတော့ အနက်၊ အပြာနဲ့ လိမ္မော်ရောင်တွေအပြင် Coral color လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ Galaxy A 60 ကို တွေ့မြင်ရမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSMArena