[Zawgyi]

Samsung ဟာ ေဈးကြက္ရဲ႕လိုအပ္ခ်က္အတြက္ Galaxy J အစား Galaxy A series ေတြကိုေျပာင္းလဲ ထုတ္လုပ္ၿပီးတဲ့ေနာက္ ထင္မွတ္ထားတာထက္ပိုတဲ့ ေအာင္ျမင္မႈကို ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ ကိုရီးယားကုမၸဏီႀကီးဟာ Galaxy A Series ကို ၂၀၂၀ ျပည့္ႏွစ္အတြက္ပါ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

Galaxy A70 နဲ႔ A80 တို႔ဟာ Samsung ရဲ႕ မဟာဗ်ဴဟာေအာင္ျမင္မႈအတြက္ ႀကီးမားတဲ့ အခန္းက႑ကေန ပါဝင္ခဲ့တယ္ဆိုရင္လည္း မမွားပါဘူး။ လာမယ့္ႏွစ္အတြက္ (EUIPO) ဥေရာပသမဂၢ ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံးမွာ မူပိုင္ခြင့္တင္ထားတာေတြက A11, A21, A31, A41, A51, A61, A71, A81 နဲ႔ A91 တို႔ပဲ ျဖစ္ၾကပါတယ္။

ဒီ အမ်ိဳးအစား ၉ မ်ိဳးထဲကမွ ေဈးကြက္ထဲကို အရင္ဦးဆုံးပို႔ေဆာင္မယ့္ အမ်ိဳးအစားေတြက Galaxy A71 နဲ႔ A91 တို႔ျဖစ္တယ္လို႔ ဆိုရပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ Galaxy Club ကေန ထြက္ေပၚလာတဲ့သတင္းအရ A Series ထဲမွာ Galaxy A71 နဲ႔ A91 တို႔ဟာ Android 10 နဲ႔ ထြက္ေပၚလာမယ့္ဖုန္းေတြျဖစ္ေၾကာင္း သိလိုက္ရလို႔ပါပဲ။

Galaxy A71 နဲ႔ A91 တို႔ဟာ ၂၀၂၀ ျပည့္ႏွစ္ရဲ႕ ေႏြဦးရာသီအတြင္း Galaxy S11 series မိတ္ဆက္ၿပီးတဲ့ေနာက္ ေဈးကြက္ထဲေရာက္ရွိလာမယ္လို႔ ခန႔္မွန္းရပါတယ္။ Samsung ဟာ S လိုင္းကို Software ဗားရွင္းအသစ္ထည့္သြင္းသြားမွာျဖစ္တဲ့အတြက္ A71 နဲ႔ A91 တို႔ကလည္း Android 10 နဲ႔အတူ ေနာက္ကေန လိုက္ထြက္လာမယ္ဆိုတာဟာ ယုတၱိရွိတဲ့ သတင္းတစ္ခုလို႔ ဆိုရမွာျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Samsung Galaxy A71 နဲ့ A91 တို့ဟာ A Series ထဲမှာ ပထမဆုံး Android 10 ရရှိမယ့်ဖုန်းတွေဖြစ်ကြောင်း သတင်းထွက်လာ

Samsung ဟာ ဈေးကွက်ရဲ့လိုအပ်ချက်အတွက် Galaxy J အစား Galaxy A series တွေကိုပြောင်းလဲ ထုတ်လုပ်ပြီးတဲ့နောက် ထင်မှတ်ထားတာထက်ပိုတဲ့ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ ဒါကြောင့် ကိုရီးယားကုမ္ပဏီကြီးဟာ Galaxy A Series ကို ၂၀၂၀ ပြည့်နှစ်အတွက်ပါ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Galaxy A70 နဲ့ A80 တို့ဟာ Samsung ရဲ့ မဟာဗျူဟာအောင်မြင်မှုအတွက် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ လာမယ့်နှစ်အတွက် (EUIPO) ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံးမှာ မူပိုင်ခွင့်တင်ထားတာတွေက A11, A21, A31, A41, A51, A61, A71, A81 နဲ့ A91 တို့ပဲ ဖြစ်ကြပါတယ်။

ဒီ အမျိုးအစား ၉ မျိုးထဲကမှ ဈေးကွက်ထဲကို အရင်ဦးဆုံးပို့ဆောင်မယ့် အမျိုးအစားတွေက Galaxy A71 နဲ့ A91 တို့ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Galaxy Club ကနေ ထွက်ပေါ်လာတဲ့သတင်းအရ A Series ထဲမှာ Galaxy A71 နဲ့ A91 တို့ဟာ Android 10 နဲ့ ထွက်ပေါ်လာမယ့်ဖုန်းတွေဖြစ်ကြောင်း သိလိုက်ရလို့ပါပဲ။

Galaxy A71 နဲ့ A91 တို့ဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ နွေဦးရာသီအတွင်း Galaxy S11 series မိတ်ဆက်ပြီးတဲ့နောက် ဈေးကွက်ထဲရောက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ Samsung ဟာ S လိုင်းကို Software ဗားရှင်းအသစ်ထည့်သွင်းသွားမှာဖြစ်တဲ့အတွက် A71 နဲ့ A91 တို့ကလည်း Android 10 နဲ့အတူ နောက်ကနေ လိုက်ထွက်လာမယ်ဆိုတာဟာ ယုတ္တိရှိတဲ့ သတင်းတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

Ref: GSM Arena