Unicode

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ကျင်းပခဲ့တဲ့ မိတ်ဆက်ပွဲမှာ Samsung ဟာ Galaxy A51 အကြောင်းကိုပဲ အသားပေးဖော်ပြခဲ့ပေမယ့် Galaxy A71 ကိုလည်း တစ်ချိန်တည်း ထုတ်လာခဲ့ပါတယ်။

Galaxy A70 ရဲ့ဆက်ခံသူဟာ Galaxy A စီးရီး အဖွဲ့ဝင်သစ်တွေရဲ့ တူညီတဲ့ ဒီဇိုင်းပုံစံကိုပဲ သယ်ဆောင်လာခဲ့ပါတယ်။ Screen ရဲ့အလယ်မှာ Infinity-O ပုံသဏ္ဍာန် Punch-hole ကင်မရာတစ်ခု ပါဝင်လာပြီး နောက်ဘက်မှာ “L” ပုံစံ ကင်မရာ Setup ပါဝင်လာတာပါ။

Galaxy A71 မှာ 6.7” လက်မအရွယ် 1080x2400p Super AMOLED Display ပါဝင်လာပြီး Galaxy A70 နဲ့ Infinity-U ဒီဇိုင်းကလွဲရင် အားလုံးအတူတူပါပဲ။ Fingerprint Sensor ကို Display အတွင်းမှာပဲထည့်သွင်းထားပါတယ်။

အတွင်းပိုင်းမှာတော့ အနည်းငယ်တိုးမြှင့်လာပြီး 2.2GHz Core နှစ်ခုနဲ့ 1.8GHz Core ခြောက်ခုပါဝင်တဲ့ Octa-core ချစ်ပ်ဆက်ကို သုံးစွဲထားပါတယ်။ ဒါ့ကြောင့် Snapdragon 730 လို့ ယူဆရပြီး မန်မိုရီကတော့ 6/8 GB RAM နဲ့ 128 GB Storage ဖြစ်ပါတယ်။ A70 လိုပဲ 4,500 mAh ဘက္ထရီကို သုံးစွဲလာပြီး 25W Fast Charging စနစ် ထည့်သွင်းပေးထားတယ်။

Galaxy A51 လိုပဲ ဒီဖုန်းမှာလည်း အဓိကဆွဲဆောင်မှုက သူ့ကင်မရာပါ။ Galaxy A71 မှာ 64MP f/1.8 အဓိက ကင်မရာပါဝင်ပြီး Galaxy A70 ရဲ့ 32MP ထက် သိသာစွာပြောင်းလဲထားတာဖြစ်ပါတယ်။ ဒါကို 12MP f/2.2 Ultra-wide နဲ့ 5MP f/2.2 Depth Sensor တို့တွဲဖက်ထားသလို 5MP f/2.4 Macro ကင်မရာငယ်ကတော့ ဒီစီးရီးအတွက် အသစ်အဆန်း ဖြစ်ပါတယ်။ ရှေ့ဘက်မှာတော့ 32MP f/2.2 ဆဲလ်ဖီကင်မရာတစ်ခု ပါဝင်ပါတယ်။

ဒါပေမယ့် Samsung ဟာ Galaxy A71 ကို ဘယ်တော့ဈေးကွက်ထဲ ပို့ပေးမလဲဆိုတာတော့ မကြေညာသေးသလို ဈေးနှုန်းကိုလည်း မဖော်ပြလာပါဘူး။ Galaxy 71 ဟာ Prism Crush Black, Silver, Blue နဲ့ Pink ကာလာများဖြင့် ရောက်ရှိလာမှာဖြစ်ပြီး A51 လိုပဲ Android 10 OS နဲ့ တန်းအသုံးပြုရမယ်လို့ ယူဆရပါတယ်။

Ref – SAM Mobile

Zawgyi

ဗီယက္နမ္ႏုိင္ငံ၊ ဟိုခ်ီမင္းၿမိဳ႕မွာ ယေန႔က်င္းပခဲ့တဲ့ မိတ္ဆက္ပြဲမွာ Samsung ဟာ Galaxy A51 အေၾကာင္းကိုပဲ အသားေပးေဖာ္ျပခဲ့ေပမယ့္ Galaxy A71 ကိုလည္း တစ္ခ်ိန္တည္း ထုတ္လာခဲ့ပါတယ္။

Galaxy A70 ရဲ႕ဆက္ခံသူဟာ Galaxy A စီးရီး အဖြဲ႕ဝင္သစ္ေတြရဲ႕ တူညီတဲ့ ဒီဇုိင္းပုံစံကိုပဲ သယ္ေဆာင္လာခဲ့ပါတယ္။ Screen ရဲ႕အလယ္မွာ Infinity-O ပုံသ႑ာန္ Punch-hole ကင္မရာတစ္ခု ပါဝင္လာၿပီး ေနာက္ဘက္မွာ “L” ပုံစံ ကင္မရာ Setup ပါဝင္လာတာပါ။

Galaxy A71 မွာ 6.7” လက္မအရြယ္ 1080x2400p Super AMOLED Display ပါဝင္လာၿပီး Galaxy A70 နဲ႔ Infinity-U ဒီဇုိင္းကလြဲရင္ အားလုံးအတူတူပါပဲ။ Fingerprint Sensor ကို Display အတြင္းမွာပဲထည့္သြင္းထားပါတယ္။

အတြင္းပုိင္းမွာေတာ့ အနည္းငယ္တုိးျမွင့္လာၿပီး 2.2GHz Core ႏွစ္ခုနဲ႔ 1.8GHz Core ေျခာက္ခုပါဝင္တဲ့ Octa-core ခ်စ္ပ္ဆက္ကို သုံးစြဲထားပါတယ္။ ဒါ့ေၾကာင့္ Snapdragon 730 လို႔ ယူဆရၿပီး မန္မုိရီကေတာ့ 6/8 GB RAM နဲ႔ 128 GB Storage ျဖစ္ပါတယ္။ A70 လိုပဲ 4,500 mAh ဘကၳရီကို သုံးစြဲလာၿပီး 25W Fast Charging စနစ္ ထည့္သြင္းေပးထားတယ္။

Galaxy A51 လိုပဲ ဒီဖုန္းမွာလည္း အဓိကဆြဲေဆာင္မႈက သူ႕ကင္မရာပါ။ Galaxy A71 မွာ 64MP f/1.8 အဓိက ကင္မရာပါဝင္ၿပီး Galaxy A70 ရဲ႕ 32MP ထက္ သိသာစြာေျပာင္းလဲထားတာျဖစ္ပါတယ္။ ဒါကို 12MP f/2.2 Ultra-wide နဲ႔ 5MP f/2.2 Depth Sensor တုိ႔တြဲဖက္ထားသလို 5MP f/2.4 Macro ကင္မရာငယ္ကေတာ့ ဒီစီးရီးအတြက္ အသစ္အဆန္း ျဖစ္ပါတယ္။ ေရွ႕ဘက္မွာေတာ့ 32MP f/2.2 ဆဲလ္ဖီကင္မရာတစ္ခု ပါဝင္ပါတယ္။

ဒါေပမယ့္ Samsung ဟာ Galaxy A71 ကို ဘယ္ေတာ့ေစ်းကြက္ထဲ ပို႔ေပးမလဲဆုိတာေတာ့ မေၾကညာေသးသလို ေစ်းႏႈန္းကိုလည္း မေဖာ္ျပလာပါဘူး။ Galaxy 71 ဟာ Prism Crush Black, Silver, Blue နဲ႔ Pink ကာလာမ်ားျဖင့္ ေရာက္ရွိလာမွာျဖစ္ၿပီး A51 လိုပဲ Android 10 OS နဲ႔ တန္းအသုံးျပဳရမယ္လို႔ ယူဆရပါတယ္။

Ref – SAM Mobile