Samsung Galaxy A72 4G (SM-A725F/DS) ရဲ့ Support Page ကို  တရားဝင် Samsung Russia Website မှာ လွှင့်တင်လိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။ Samsung က Galaxy A72 4G ရဲ့ Specifications တွေကို ဘာတစ်ခုမှ မပြောသေးပေမယ့် Geekbench က စာရင်းအရ အဲဒီ စမတ်ဖုန်းမှာ Snapdragon 720G SoC , 8GB RAM နဲ့ Android 11 တွေ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။

Machine translated from Russian

Galaxy A72 အတွက် 5G Version ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ ပြီးခဲ့တဲ့ လက ထွက်ပေါ်လာခဲ့ကာ Punch Hole မျက်နှာပြင် ပါလာတာမြင်ရပါတယ်။ ပေါက်ကြားသတင်းအရ မျက်နှာပြင် အရွယ်အစားဟာ ၆.၇ လက်မ ရှိမယ်လို့ သိရပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။

Leaked render of Galaxy A72 5G

Galaxy A72 4G နဲ့ 5G Version တွေရဲ့ Specs အပြည့်အစုံကို မသိရသေးပေမယ့် 4G Version ကို ဂျာမနီက စတိုး ၁ ခုမှာ စာရင်းတင်ထားပါတယ်။ 128GB Storage ကို ၄၄၉ ယူရိုနဲ့ 256GB ကို ၅၀၉ ယူရို သတ်မှတ်ထားပြီး ၇ သိန်း ၂ သောင်းနဲ့ ၈ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ အဲဒီ စတိုးမှာ Galaxy A52 5G ကိုလည်း အဲဒီဈေးနဲ့ တင်ထားပါတယ်။

A52 4G ရဲ့ 128GB နဲ့ 256GB Storage တွေကို ၃၆၉ နဲ့ ၄၂၉ ယူရို သတ်မှတ်ထားပြီး ၅ သိန်း ၉ သောင်းနဲ့ ၆ သိန်း ၉ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ဒီဈေးတွေက အမှန်တော့ မဟုတ်သေးတာ သေချာပါတယ်။

Ref : gsmarena