Samsung ဟာ စွမ်းရည်သင့် Galaxy A72 ဖုန်း အသစ်ကို ဖန်တီးနေပြီး မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ အရင်က မကြာခဏ ပေါက်ကြားခဲ့ပြီး အခုတော့ TUV Rheinland မှာ Fast Charging ကို မှတ်ပုံတင်လိုက်ပါတယ်။ မော်ဒယ်နံပါတ်တွေက SM-A725F/DS, SM-A725F ဖြစ်ပြီး 9V at 2.77A Charging ပါမယ်လို့ ဖော်ပြထားတဲ့အတွက် 25W Charging ထည့်ထားမှာပါ။ အဲဒီ အားသွင်းနှုန်းဟာ အရင်မျိုးဆက် Galaxy A71 နဲ့ တူညီနေပြီး မတိုးတက်လာတာက စိတ်ပျက်စရာပါ။ နောက်ထွက်မယ့် Galaxy A52 မှာလည်း အရင်မျိုးဆက် A51 ရဲ့ အားသွင်းနှုန်းပဲ ပါလာနိုင်ပါတယ်။

Galaxy A72 5G render

Samsung Galaxy A72 မှာ အရင်မျိုးဆက်လိုပဲ တူညီတဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပြီး အရင်ပေါက်ကြားသတင်းတွေအရ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားမှာပါ။ ပင်မ ကင်မရာကလည်း A71 မှာလို 64MP ဖြစ်နိုင်ပါတယ်။

ပေါက်ကြားလာတဲ့ဓါတ်ပုံတွေအရ အနောက်ဘက်မှာ လေးထောင့် ကင်မရာ အကွက် ထည့်သွင်းထားတာကလည်း အရင်မျိုးဆက်နဲ့ တူနေပါတယ်။ A72 မှာ ၆.၇ လက်မ Infinity-O AMOLED မျက်နှာပြင် တပ်ဆင်ထားမယ်လို့ သိရပါတယ်။ 4G နဲ့ 5G Version ၂ မျိုးထွက်လာနိုင်ပြီး 4G မှာ Snapdragon 720G Chipset ပါမှာ ဖြစ်ကာ 5G ရဲ့ Chipset ကို မသိရသေးပါဘူး။

အနက်၊ အပြာ၊ အဖြူနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားနိုင်ပြီး 4G ကို ယူရို ၄၀၀ နဲ့ ၅၀၀ အကြား၊ 5G ကို ယူရို ၅၀၀ နဲ့ ၆၀၀ အကြားရောင်းချနိုင်ပါတယ်။ ၆ သိန်းခွဲနဲ့ ၉ သိန်း ၇ သောင်းအတွင်း ကျသင့်နိုင်ပါတယ်။

Ref : gizmochina