Samsung ကနေ အခုနောက်ပိုင်းမှာ Flagship ဖုန်းတွေတင်မဟုတ်ဘဲ Mid Range စမတ်ဖုန်းတွေကိုပါ Android 10 ကို အခြေခံတဲ့ OneUI 2.0 Update ကို ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲက မိတ်ဆက်ထားခဲ့တဲ့ Samsung Galaxy A9 (2018) ဖုန်းအတွက် Android 10 အခြေခံထားတဲ့ OneUI 2.0 Update က ထွက်ရှိလာပါပြီ။

Samsung Galaxy A9 (2018) စမတ်ဖုန်းဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ တုန်းထဲက Quad Camera Setup ကို အသုံးပြုထားခဲ့တာဖြစ်သလို Android 8.0 ကို အခြေခံထားတဲ့ Samsung Experience 9.0 နဲ့ထွက်ရှိခဲ့တာဖြစ်ပါတယ်။ မနှစ်တုန်းကလည်း Android 9 Pie Update ရရှိခဲ့သေးတဲ့အတွက် ယခု Android 10 Update ဟာ ဒုတိယမြောက် Major Android Update လို့ ပြောနိုင်ပါတယ်။

အခုလောလောဆယ်မှာ Galaxy A9 (2018) စမတ်ဖုန်းအတွက် Android 10 အခြေခံထားတဲ့ OneUI 2.0 Update ကို Poland မှာ စတင် Download ရယူနိုင်နေပြီဖြစ်ပြီး Firmware Version အနေနဲ့ A920FXXU3CTCD ကို Download ပြုလုပ်ရမှာပါ။ Samsung ဟာ Galaxy A9 (2018) အတွက် Android 10 Update ကို ဧပြီလအတွင်းမှာ ထုတ်ပေးသွားမယ်လို့ ပြောကြားထားပြီး အခုပုံအတိုင်းဆို အချိန်မှန်နေတဲ့ပုံစံပါပဲ။

ဘာပဲဖြစ်ဖြစ် ယခု Android 10-based OneUI 2.0 Update နဲ့အတူ System-wide Dark Mode ၊ Navigation Gesture အသစ်တွေအပြင် Feature အသစ်တွေအများအပြားပါဝင်လာမှာဖြစ်ပါတယ်။ Android Security Patch Level အနေနဲ့ March 2020 ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Ref – XDA-Developers