Zawgyi

စက္တင္ဘာလအတြင္းမွာ Samsung ဟာ Galaxy A90 5G ဖုန္းကို ေတာင္ကိုရီးယားေစ်းကြက္သီးသန္႔ ထုတ္လုပ္ခဲ့ပါတယ္။ ယေန႔မွာေတာ့ အဆုိပါဖုန္းကိုပဲ တရုတ္ႏုိင္ငံေစ်းကြက္သုိ႔ ေရာင္းခ်လာၿပီး ေစ်းႏႈန္းကိုေတာ့ ယြမ္ေငြ ၄၄၉၉ (ျမန္မာေငြ ကိုးသိန္းခုနစ္ေသာင္းဝန္းက်င္) သတ္မွတ္လာပါတယ္။

Samsung Galaxy A90 5G စမတ္ဖုန္းဟာ Waterdrop Notch တစ္ခုနဲ႔ Flagship လယ္ဗယ္ စမတ္ဖုန္းတစ္ခုပါ။ ေလာေလာဆယ္ Holographic Black နဲ႔ Space White ဆုိတဲ့ ကာလာႏွစ္မ်ဳိးျဖင့္သာ ရရွိႏုိင္ပါတယ္။ အခုခ်ိန္မွာ အႀကိဳအမွာစာေတြေကာက္ခံေနၿပီျဖစ္ၿပီး တရုတ္ေစ်းကြက္ထဲကို ေအာက္တုိဘာလ ၃၁ ရက္ေန႔မွာ ျဖန္႔ခ်ိလာမွာျဖစ္ပါတယ္။

Galaxy A90 5G ဖုန္းမွာ 6.7” လက္မအရြယ္ S-AMOLED Display ပါဝင္ၿပီး Infinity-U Notch စတုိင္လ္ စမတ္ဖုန္းပါ။ အတြင္းမွာ Snapdragon 855 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး X50 5G Modem ေၾကာင့္ မ်ဳိးဆက္သစ္ 5G နက္ဝပ္ကို အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ ဒီဟန္းဆက္မွာ 8GB RAM နဲ႔ 128GB Storage မန္မိုရီပါဝင္ၿပီး MicroSD နဲ႔ တုိးခ်ဲ႕ႏုိင္မွာပါ။

ေရွ႕ဘက္မွာေတာ့ 32MP Selfie ကင္မရာပါဝင္ၿပီး ေနာက္ဘက္မွာ 48MP + 8MP + 5MP ကင္မရာသုံးလုံးတြဲကို ျမင္ရမွာပါ။ ဘကၳရီက 4,500 mAh ျဖစ္ၿပီး 25W အားအျမန္သြင္းစနစ္နဲ႔ျဖစ္ပါတယ္။ Fingerprint ကိုလည္း In-display ပဲ ထည့္လာတယ္။

Samsung Galaxy A90 5G စမတ္ဖုန္းဟာ သူ႕အမွတ္တံဆိပ္ထဲမွာ စတုတၳေျမာက္ 5G ရရွိႏုိင္တဲ့ ဖုန္းျဖစ္ၿပီး စက္တင္ဘာမွာ မိတ္ဆက္ထားတာပါ။ ဒါေပမယ့္ အေလာတႀကီးမလုပ္ဘဲ 5G နက္ဝပ္ကို အရင္ဆုံးရႏုိင္မယ့္ ေစ်းကြက္ေတြကိုသာ တစ္လွမ္းခ်င္း ေျခဆန္႔လာပါတယ္။

Ref – Playful Droid

Unicode

စက်တင်ဘာလအတွင်းမှာ Samsung ဟာ Galaxy A90 5G ဖုန်းကို တောင်ကိုရီးယားဈေးကွက်သီးသန့် ထုတ်လုပ်ခဲ့ပါတယ်။ ယနေ့မှာတော့ အဆိုပါဖုန်းကိုပဲ တရုတ်နိုင်ငံဈေးကွက်သို့ ရောင်းချလာပြီး ဈေးနှုန်းကိုတော့ ယွမ်ငွေ ၄၄၉၉ (မြန်မာငွေ ကိုးသိန်းခုနစ်သောင်းဝန်းကျင်) သတ်မှတ်လာပါတယ်။

Samsung Galaxy A90 5G စမတ်ဖုန်းဟာ Waterdrop Notch တစ်ခုနဲ့ Flagship လယ်ဗယ် စမတ်ဖုန်းတစ်ခုပါ။ လောလောဆယ် Holographic Black နဲ့ Space White ဆိုတဲ့ ကာလာနှစ်မျိုးဖြင့်သာ ရရှိနိုင်ပါတယ်။ အခုချိန်မှာ အကြိုအမှာစာတွေကောက်ခံနေပြီဖြစ်ပြီး တရုတ်ဈေးကွက်ထဲကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဖြန့်ချိလာမှာဖြစ်ပါတယ်။

Galaxy A90 5G ဖုန်းမှာ 6.7” လက်မအရွယ် S-AMOLED Display ပါဝင်ပြီး Infinity-U Notch စတိုင်လ် စမတ်ဖုန်းပါ။ အတွင်းမှာ Snapdragon 855 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး X50 5G Modem ကြောင့် မျိုးဆက်သစ် 5G နက်ဝပ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီဟန်းဆက်မှာ 8GB RAM နဲ့ 128GB Storage မန်မိုရီပါဝင်ပြီး MicroSD နဲ့ တိုးချဲ့နိုင်မှာပါ။

ရှေ့ဘက်မှာတော့ 32MP Selfie ကင်မရာပါဝင်ပြီး နောက်ဘက်မှာ 48MP + 8MP + 5MP ကင်မရာသုံးလုံးတွဲကို မြင်ရမှာပါ။ ဘက္ထရီက 4,500 mAh ဖြစ်ပြီး 25W အားအမြန်သွင်းစနစ်နဲ့ဖြစ်ပါတယ်။ Fingerprint ကိုလည်း In-display ပဲ ထည့်လာတယ်။

Samsung Galaxy A90 5G စမတ်ဖုန်းဟာ သူ့အမှတ်တံဆိပ်ထဲမှာ စတုတ္ထမြောက် 5G ရရှိနိုင်တဲ့ ဖုန်းဖြစ်ပြီး စက်တင်ဘာမှာ မိတ်ဆက်ထားတာပါ။ ဒါပေမယ့် အလောတကြီးမလုပ်ဘဲ 5G နက်ဝပ်ကို အရင်ဆုံးရနိုင်မယ့် ဈေးကွက်တွေကိုသာ တစ်လှမ်းချင်း ခြေဆန့်လာပါတယ်။

Ref – Playful Droid