[Zawgyi]

Samsung Galaxy A90 ဖုန္းမွာ Notch မပါဘဲ Pop-up ကင္မရာပဲ အသုံးျပဳမယ္လို႔ သတင္းထြက္ခဲ့တာ ၾကာပါၿပီ။ ဒါေပမယ့္ အခုထြက္လာတဲ့ Render ပုံၾကမ္းမွာေတာ့ ေစ်းကြက္ထဲမွာ မျမင္ရေသးတဲ့ ထူးထူးဆန္းဆန္း ကင္မရာဒီဇုိင္းကို ေတြ႕ရတယ္။ Galaxy A90 ဖုန္းမွာ ေနာက္ဘက္ Dual-camera ကို Slider အံဆြဲအေနနဲ႔ ဆြဲထုတ္ႏုိင္ၿပီး အဆုိပါကင္မရာကို ေရွ႕ဘက္မ်က္ႏွာမူသြားေအာင္ လွည့္လို႔ရတဲ့ပုံစံပါ။ ေအာက္က ဗီဒီယိုကို ၾကည့္ႏုိင္ပါတယ္။

Samsung ရဲ႕ အနာဂါတ္ထုတ္ကုန္သစ္ေတြနဲ႔ နီးစပ္တဲ့ရင္းျမစ္တစ္ခုျဖစ္တဲ့ @IceUniverse ကလည္း အခုျမင္ရတဲ့ ဒီဇုိင္းဟာ “ထပ္တူက်လုနီးပါး မွန္ကန္တယ္” လို႔ မွတ္ခ်က္ခ်ခဲ့ပါတယ္။ လြန္ခဲ့တဲ့အပတ္တည္းက A90 စမတ္ဖုန္းမွာ Slider နဲ႔ Rotating လုပ္လို႔ရမယ့္ ကင္မရာပါလာမယ္လို႔ Leak ထြက္ခဲ့တာပါ။

ဒီကင္မရာေနရာခ်မႈဟာ အားသာခ်က္အမ်ားႀကီးရွိပါတယ္။ ေနာက္ဘက္က ပိုအားေကာင္းတဲ့ ကင္မရာနဲ႔ ဆယ္ဖီရုိက္လို႔ရသလုိ ေရွ႕ဘက္ Screen မွာလည္း ကင္မရာကိုေနရာေပးဖို႔မလိုေတာ့လို႔ပါ။ မေကာင္းတာကေတာ့ ဟန္းဆက္မွာ ေရႊ႕လို႔ရတဲ့ အစိတ္အပုိင္း ႏွစ္ခုေတာင္ ျဖစ္သြားမွာပါပဲ။

Samsung Galaxy A90 ဖုန္းဟာ Face Unlock လည္းမပါဝင္ဘူးလို႔ သိရၿပီး ပါခဲ့ရင္ေတာင္ အခုလို ကင္မရာနဲ႔ဆုိရင္ သုံးရတာအခ်ိန္ပိုၾကာဖို႔ပဲ ရွိပါတယ္။ ဒါေပမယ့္ In-display Fingerprint ပါလို႔ အလြယ္တကူ Unlock ျပဳလုပ္ႏုိင္ဦးမွာပါ။ အခု ပုံၾကမ္းဗီဒီယုိမွာ ကင္မရာကို ေရွ႕ဘက္လွည့္ရင္း Slider ကို ျပန္ပိတ္တာ မျမင္ရလို႔ အဲဒီလို ပိတ္လို႔ရမလား ဆုိတာေတာ့ မေသခ်ာပါဘူး။

Galaxy A စီးရီးဟာ ဒီလိုအထူးအဆန္းေတြ စမ္းသပ္မႈအတြက္ေတာ့ ပထမဆုံးအၾကိမ္မဟုတ္ပါဘူး။ ကမာၻ႕ပထမဆုံး Quad-camera ပါဝင္တဲ့ Galaxy A9 ကိုလည္း ၿပီးခဲ့တဲ့ ၂၀၁၈ က မိတ္ဆက္ခဲ့သလို Samsung အတြက္ ပထမဆုံး Punch-hole ဆယ္ဖီကင္မရာနဲ႔ ပထမဆုံး Notch ပါတဲ့ Screen တုိ႔ကိုလည္း ယူေဆာင္လာခဲ့သူပါ။ အခုဒီဇုိင္းဟာ စိတ္ဝင္စားဖို႔ေကာင္းတာအမွန္ျဖစ္ၿပီး တကယ္ဟုတ္မဟုတ္ကိုေတာ့ ဧၿပီလ အတြင္းမွာပဲ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Samsung Galaxy A90 ဖုန်းမှာ Notch မပါဘဲ Pop-up ကင်မရာပဲ အသုံးပြုမယ်လို့ သတင်းထွက်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် အခုထွက်လာတဲ့ Render ပုံကြမ်းမှာတော့ ဈေးကွက်ထဲမှာ မမြင်ရသေးတဲ့ ထူးထူးဆန်းဆန်း ကင်မရာဒီဇိုင်းကို တွေ့ရတယ်။ Galaxy A90 ဖုန်းမှာ နောက်ဘက် Dual-camera ကို Slider အံဆွဲအနေနဲ့ ဆွဲထုတ်နိုင်ပြီး အဆိုပါကင်မရာကို ရှေ့ဘက်မျက်နှာမူသွားအောင် လှည့်လို့ရတဲ့ပုံစံပါ။ အောက်က ဗီဒီယိုကို ကြည့်နိုင်ပါတယ်။

Samsung ရဲ့ အနာဂါတ်ထုတ်ကုန်သစ်တွေနဲ့ နီးစပ်တဲ့ရင်းမြစ်တစ်ခုဖြစ်တဲ့ @IceUniverse ကလည်း အခုမြင်ရတဲ့ ဒီဇိုင်းဟာ “ထပ်တူကျလုနီးပါး မှန်ကန်တယ်” လို့ မှတ်ချက်ချခဲ့ပါတယ်။ လွန်ခဲ့တဲ့အပတ်တည်းက A90 စမတ်ဖုန်းမှာ Slider နဲ့ Rotating လုပ်လို့ရမယ့် ကင်မရာပါလာမယ်လို့ Leak ထွက်ခဲ့တာပါ။

ဒီကင်မရာနေရာချမှုဟာ အားသာချက်အများကြီးရှိပါတယ်။ နောက်ဘက်က ပိုအားကောင်းတဲ့ ကင်မရာနဲ့ ဆယ်ဖီရိုက်လို့ရသလို ရှေ့ဘက် Screen မှာလည်း ကင်မရာကိုနေရာပေးဖို့မလိုတော့လို့ပါ။ မကောင်းတာကတော့ ဟန်းဆက်မှာ ရွှေ့လို့ရတဲ့ အစိတ်အပိုင်း နှစ်ခုတောင် ဖြစ်သွားမှာပါပဲ။

Samsung Galaxy A90 ဖုန်းဟာ Face Unlock လည်းမပါဝင်ဘူးလို့ သိရပြီး ပါခဲ့ရင်တောင် အခုလို ကင်မရာနဲ့ဆိုရင် သုံးရတာအချိန်ပိုကြာဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် In-display Fingerprint ပါလို့ အလွယ်တကူ Unlock ပြုလုပ်နိုင်ဦးမှာပါ။ အခု ပုံကြမ်းဗီဒီယိုမှာ ကင်မရာကို ရှေ့ဘက်လှည့်ရင်း Slider ကို ပြန်ပိတ်တာ မမြင်ရလို့ အဲဒီလို ပိတ်လို့ရမလား ဆိုတာတော့ မသေချာပါဘူး။

Galaxy A စီးရီးဟာ ဒီလိုအထူးအဆန်းတွေ စမ်းသပ်မှုအတွက်တော့ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ကမ္ဘာ့ပထမဆုံး Quad-camera ပါဝင်တဲ့ Galaxy A9 ကိုလည်း ပြီးခဲ့တဲ့ ၂၀၁၈ က မိတ်ဆက်ခဲ့သလို Samsung အတွက် ပထမဆုံး Punch-hole ဆယ်ဖီကင်မရာနဲ့ ပထမဆုံး Notch ပါတဲ့ Screen တို့ကိုလည်း ယူဆောင်လာခဲ့သူပါ။ အခုဒီဇိုင်းဟာ စိတ်ဝင်စားဖို့ကောင်းတာအမှန်ဖြစ်ပြီး တကယ်ဟုတ်မဟုတ်ကိုတော့ ဧပြီလ အတွင်းမှာပဲ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Ref – GSM Arena