[Zawgyi]

စမတ္ဖုန္းေတြရဲ႕မ်က္ႏွာျပင္မွာ Notch ဒါမွမဟုတ္ Punch-hole လည္းမထားဘဲ၊ ပတ္လည္ Bezel ေတြကိုလည္း က်ဥ္းႏိုင္သမွ်က်ဥ္းေအာင္ ဖန္တီးတဲ့နည္းလမ္းထဲမွာ Slider ဒါမွမဟုတ္ Pop-up ကင္မရာေတြက အေတာ္ေလးကို အလုပ္ျဖစ္ပါတယ္။

ဒီနည္းလမ္းေတြထဲကမွ Pop-up ကင္မရာအသုံးျပဳတာကေတာ့ ဒီေန႔ေခတ္မွာ ပိုၿပီးေရပန္းစားလာတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ Samsung Galaxy A90 နဲ႔ ပတ္သက္ၿပီး ထြက္ေပၚလာတဲ့ ေကာလာဟလတစ္ခုကေတာ့ Slider ဒါမွမဟုတ္ Rotation Camera ပုံစံမ်ိဳးနဲ႔ ထြက္လာဖြယ္ရွိတယ္ဆိုတာပါပဲ။

ေကာလာဟလဆိုတဲ့အတိုင္း တရားဝင္လည္းမဟုတ္ဘဲ အစထြက္လာတဲ့ သတင္းေလးေတြကိုပဲ ခန႔္မွန္းေရးသားေဖာ္ျပေနၾကတာျဖစ္တာေၾကာင့္ ရာႏႈန္းျပည့္မွန္ကန္မႈေတာ့ မရွိပါဘူး။ ဒါေပမယ့္ ယုံၾကည္ရတဲ့ သတင္းရင္းျမစ္ေတြကေန ထြက္ေပၚလာတဲ့ ေပါက္ၾကားမႈ ေကာလာဟလေတြကေတာ့ ရာခိုင္ႏႈန္းအေတာ္မ်ားမ်ား မွန္ကန္ေလ့ရွိတာေၾကာင့္ လုံးဝလည္း ပစ္ပယ္ထားလို႔မရပါဘူး။

@OnLeaks ကေတာ့ Samsung Galaxy A90 ဟာ OPPO Find X နဲ႔ OPPO N1 တို႔ကိုေပါင္းစည္းထားတဲ့ ပုံစံမ်ိဳးျဖစ္တဲ့ Sliding နဲ႔ Rotation ကင္မရာ ပုံစံမ်ိဳးသုံးၿပီး ထြက္လာဖြယ္ရွိတယ္လို႔ ဆိုလိုက္ပါတယ္။ ဒါ့အျပင္ A90 ဟာ လုံးဝကို Pop-up ကင္မရာအမ်ိဳးအစားကို အသုံးမျပဳဘူးလို႔လည္း ဆိုထားပါေသးတယ္။

ေကာလာဟလဆိုတာ မ်က္ျမင္လည္းမဟုတ္သလို၊ တရားဝင္လည္းမဟုတ္တာေၾကာင့္ အတည္ျပဳလို႔ရေလာက္တဲ့ အေထာက္အထား အခိုင္အမာ ထြက္ေပၚလာတာကို ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။ ဒါေပမယ့္ ၂၀၁၉ မွာ Samsung ရဲ႕ ေျပာင္းလဲမႈေတြက အေတာ္ေလးကို လွ်င္ျမန္ေနတဲ့အတြက္ ဘာမဆိုျဖစ္လာႏိုင္တယ္လို႔လည္း ဆိုရမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Slider ဒါမှမဟုတ် Rotation Camera ပုံစံမျိုးနဲ့ ထွက်လာဖွယ်ရှိတဲ့ Samsung Galaxy A90

စမတ်ဖုန်းတွေရဲ့မျက်နှာပြင်မှာ Notch ဒါမှမဟုတ် Punch-hole လည်းမထားဘဲ၊ ပတ်လည် Bezel တွေကိုလည်း ကျဉ်းနိုင်သမျှကျဉ်းအောင် ဖန်တီးတဲ့နည်းလမ်းထဲမှာ Slider ဒါမှမဟုတ် Pop-up ကင်မရာတွေက အတော်လေးကို အလုပ်ဖြစ်ပါတယ်။

ဒီနည်းလမ်းတွေထဲကမှ Pop-up ကင်မရာအသုံးပြုတာကတော့ ဒီနေ့ခေတ်မှာ ပိုပြီးရေပန်းစားလာတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Samsung Galaxy A90 နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ကောလာဟလတစ်ခုကတော့ Slider ဒါမှမဟုတ် Rotation Camera ပုံစံမျိုးနဲ့ ထွက်လာဖွယ်ရှိတယ်ဆိုတာပါပဲ။

ကောလာဟလဆိုတဲ့အတိုင်း တရားဝင်လည်းမဟုတ်ဘဲ အစထွက်လာတဲ့ သတင်းလေးတွေကိုပဲ ခန့်မှန်းရေးသားဖော်ပြနေကြတာဖြစ်တာကြောင့် ရာနှုန်းပြည့်မှန်ကန်မှုတော့ မရှိပါဘူး။ ဒါပေမယ့် ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကနေ ထွက်ပေါ်လာတဲ့ ပေါက်ကြားမှု ကောလာဟလတွေကတော့ ရာခိုင်နှုန်းအတော်များများ မှန်ကန်လေ့ရှိတာကြောင့် လုံးဝလည်း ပစ်ပယ်ထားလို့မရပါဘူး။

@OnLeaks ကတော့ Samsung Galaxy A90 ဟာ OPPO Find X နဲ့ OPPO N1 တို့ကိုပေါင်းစည်းထားတဲ့ ပုံစံမျိုးဖြစ်တဲ့ Sliding နဲ့ Rotation ကင်မရာ ပုံစံမျိုးသုံးပြီး ထွက်လာဖွယ်ရှိတယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် A90 ဟာ လုံးဝကို Pop-up ကင်မရာအမျိုးအစားကို အသုံးမပြုဘူးလို့လည်း ဆိုထားပါသေးတယ်။

ကောလာဟလဆိုတာ မျက်မြင်လည်းမဟုတ်သလို၊ တရားဝင်လည်းမဟုတ်တာကြောင့် အတည်ပြုလို့ရလောက်တဲ့ အထောက်အထား အခိုင်အမာ ထွက်ပေါ်လာတာကို ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့် ၂၀၁၉ မှာ Samsung ရဲ့ ပြောင်းလဲမှုတွေက အတော်လေးကို လျှင်မြန်နေတဲ့အတွက် ဘာမဆိုဖြစ်လာနိုင်တယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

Ref: GSMArena