[Zawgyi]

Galaxy A90 နဲ႔ ပတ္သက္ၿပီး ဒီတစ္ခါထြက္ေပၚလာတဲ့သတင္းကေတာ့ သိပ္ၿပီး ဝမ္းသာစရာမေကာင္းဘူးလို႔ ဆိုရပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ Galaxy A90 နဲ႔ပတ္သက္ၿပီး အမ်ားႀကီးေမွ်ာ္လင့္ထားၾကတဲ့ထဲကမွ ဘက္ထရီပမာဏနဲ႔ပတ္သက္တဲ့ ေမွ်ာ္လင့္ခ်က္က ေမ်ာၿပီလို႔ ဆိုရမွာပါ။

Galaxy A90 ရဲ႕ ဘက္ထရီပမာဏဟာ A50 နဲ႔ A70 ေတြထက္ နည္းတယ္လို႔ သိရပါတယ္။ ဘယ္ေလာက္ထိနည္းမွာလည္း ဆိုတာက တကယ့္ပေဟဠိပါ။ Galaxy A70 ဟာ 4,400mAh ဘက္ထရီပမာဏနဲ႔ ထြက္လာဖို႔ ေမွ်ာ္လင့္ထားရၿပီး Galaxy A50 ကေတာ့ 4,000mAh ပမာဏနဲ႔ ထြက္ရွိေနတာပါ။ ဒါေၾကာင့္ Galaxy A90 ဟာ 4,000mAh ထက္နည္းတဲ့ ပမာဏနဲ႔ျဖစ္သြားႏိုင္ပါတယ္။

ထြက္ေပၚထားတဲ့ သတင္းတစ္ခုအရဆိုရင္ေတာ့ Galaxy A90 ရဲ႕ ဘက္ထရီဟာ Code EB-BA905ABN နဲ႔ျဖစ္ၿပီး 3,610mAh ျဖစ္တယ္လို႔ သိရပါတယ္။ ဒီပမာဏဆိုရင္ေတာ့ ၂၀၁၉ထုတ္ စမတ္ဖုန္းတစ္လုံးအတြက္ မ်က္ႏွာငယ္ရတဲ့ပမာဏ ျဖစ္သြားၿပီလို႔ ဆိုရမွာပါ။ ဒီပမာဏက ျဖစ္ႏိုင္ေျခရွိတဲ့ အနည္းဆုံး ပမာဏဆိုဦးေတာ့ ျဖစ္ႏိုင္ေျခရွိတဲ့ အမ်ားဆုံးပမာဏကလည္း 3,700mAh ေလာက္ပါပဲ။ ဒါဆိုရင္လည္း သိပ္ၿပီးေတာ့ စိတ္ေက်နပ္စရာ ျဖစ္ဦးမွာ မဟုတ္ေသးပါဘူး။

Pop-up ကင္မရာ၊ In-display fingerprint, ေက်ာဘက္ကင္မရာသုံးလုံး စတဲ့ အခ်က္အလက္ေတြနဲ႔ နာမည္ႀကီးေနတဲ့ Galaxy A90 အတြက္ ဒီဘက္ထရီပမာဏဆိုတာက နည္းနည္းေတာ့ ကသိကေအာက္ ျဖစ္စရာပါ။ တစ္ဘက္က ျပန္ၾကည့္ရင္ Sliding mechanism ကိုဦးစားေပးလိုက္ရတာေၾကာင့္ ဘက္ထရီပိုင္းက ေလ်ာ့နည္းသြားတာလို႔လည္း ေကာက္ခ်က္ခ်ႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ၾကားရတဲ့သတင္းကေတာ့ ေပ်ာ္ဖို႔မေကာင္းဘူး လို႔ပဲဆိုရမွာပါ။ ဒါေၾကာင့္ တရားဝင္သတင္းထြက္ေပၚလာခ်ိန္မွာ စိတ္ေက်နပ္စရာ ပမာဏျဖစ္လာဖို႔ပဲ ေမွ်ာ္လင့္ရေတာ့မွာပါ။

Ref: GSMArena

[Unicode]

Samsung Galaxy A90 ဟာ A50 နဲ့ A70 တို့ထက် သေးငယ်တဲ့ဘက်ထရီကိုသုံးထားတယ်လို့ သတင်းထွက်ပေါ်လာ

Galaxy A90 နဲ့ ပတ်သက်ပြီး ဒီတစ်ခါထွက်ပေါ်လာတဲ့သတင်းကတော့ သိပ်ပြီး ဝမ်းသာစရာမကောင်းဘူးလို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Galaxy A90 နဲ့ပတ်သက်ပြီး အများကြီးမျှော်လင့်ထားကြတဲ့ထဲကမှ ဘက်ထရီပမာဏနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်က မျောပြီလို့ ဆိုရမှာပါ။

Galaxy A90 ရဲ့ ဘက်ထရီပမာဏဟာ A50 နဲ့ A70 တွေထက် နည်းတယ်လို့ သိရပါတယ်။ ဘယ်လောက်ထိနည်းမှာလည်း ဆိုတာက တကယ့်ပဟေဠိပါ။ Galaxy A70 ဟာ 4,400mAh ဘက်ထရီပမာဏနဲ့ ထွက်လာဖို့ မျှော်လင့်ထားရပြီး Galaxy A50 ကတော့ 4,000mAh ပမာဏနဲ့ ထွက်ရှိနေတာပါ။ ဒါကြောင့် Galaxy A90 ဟာ 4,000mAh ထက်နည်းတဲ့ ပမာဏနဲ့ဖြစ်သွားနိုင်ပါတယ်။

ထွက်ပေါ်ထားတဲ့ သတင်းတစ်ခုအရဆိုရင်တော့ Galaxy A90 ရဲ့ ဘက်ထရီဟာ Code EB-BA905ABN နဲ့ဖြစ်ပြီး 3,610mAh ဖြစ်တယ်လို့ သိရပါတယ်။ ဒီပမာဏဆိုရင်တော့ ၂၀၁၉ထုတ် စမတ်ဖုန်းတစ်လုံးအတွက် မျက်နှာငယ်ရတဲ့ပမာဏ ဖြစ်သွားပြီလို့ ဆိုရမှာပါ။ ဒီပမာဏက ဖြစ်နိုင်ခြေရှိတဲ့ အနည်းဆုံး ပမာဏဆိုဦးတော့ ဖြစ်နိုင်ခြေရှိတဲ့ အများဆုံးပမာဏကလည်း 3,700mAh လောက်ပါပဲ။ ဒါဆိုရင်လည်း သိပ်ပြီးတော့ စိတ်ကျေနပ်စရာ ဖြစ်ဦးမှာ မဟုတ်သေးပါဘူး။

Pop-up ကင်မရာ၊ In-display fingerprint, ကျောဘက်ကင်မရာသုံးလုံး စတဲ့ အချက်အလက်တွေနဲ့ နာမည်ကြီးနေတဲ့ Galaxy A90 အတွက် ဒီဘက်ထရီပမာဏဆိုတာက နည်းနည်းတော့ ကသိကအောက် ဖြစ်စရာပါ။ တစ်ဘက်က ပြန်ကြည့်ရင် Sliding mechanism ကိုဦးစားပေးလိုက်ရတာကြောင့် ဘက်ထရီပိုင်းက လျော့နည်းသွားတာလို့လည်း ကောက်ချက်ချနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကြားရတဲ့သတင်းကတော့ ပျော်ဖို့မကောင်းဘူး လို့ပဲဆိုရမှာပါ။ ဒါကြောင့် တရားဝင်သတင်းထွက်ပေါ်လာချိန်မှာ စိတ်ကျေနပ်စရာ ပမာဏဖြစ်လာဖို့ပဲ မျှော်လင့်ရတော့မှာပါ။

Ref: GSMArena