[Zawgyi]

Samsung က Galaxy Note 10 Series ေတြနဲ႔အတူ Galaxy Book 2 ရဲ႕ မ်ိဳးဆက္ Galaxy Book S ကို ေၾကညာလိုက္ပါတယ္။ အဲဒီ လက္ပ္ေတာ့မွာ Snapdragon 855 နဲ႔ Windows 10 OS ထည့္သြင္းထားၿပီး အရမ္းကို ပါးလႊာေပါ့ပါးပါတယ္။ Galaxy Book S မွာ ၁၃.၃ လက္မ Full HD Touchscreen , 8GB RAM ေတြ ထည့္သြင္းထားပါတယ္။ 512GB Internal Storage အထိ ေရြးခ်ယ္ႏုိင္ၿပီး 1TB microSD Card အထိ ေထာက္ပံ့ပါတယ္။

လက္ပ္ေတာ့မွာ 42Wh Battery ထည့္သြင္းထားၿပီး ဗီဒီယိုေတြ ၾကည့္ရင္ ၂၃ နာရီ အသံုးခံတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ အဲဒီအတြက္ ၁ ခါအားအျပည့္သြင္းထားၿပီး သာမာန္ သံုးရင္ တေန႔လံုး အသံုးခံပါတယ္။ Quick Charge 2.0 နဲ႔ Power Delivery 2.0 စံႏႈန္းေတြ ပါပါတယ္။ WiFi နဲ႔ LTE ဆက္သြယ္မႈေတြ ထည့္ထားပါတယ္။ USB-C Port ၁ ခုထဲသာ ပါတာက သိပ္မမိုက္ပါဘူး။ Windows Hello လုပ္ေဆာင္ခ်က္ကို ေထာက္ပံ့တဲ့ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္ထားပါတယ္။

စြမ္းရည္ျမင့္ အလူမီနီယမ္ ကိုယ္ထည္နဲ႔ တည္ေဆာက္ထားၿပီး အေလးခ်ိန္က ၀.၉၆ ကီလိုဂရမ္သာ ရွိပါတယ္။ အရမ္းကို ပါးလႊာၿပီး အထူက ၁၁.၈ မီလီမီတာသာ ရွိပါတယ္။ AKG-branded Loudspeakers နဲ႔ Dolby Atmos Tuning ေတြ ပါတဲ့ အတြက္ အသံအရည္အေသြးက အရမ္းကို လန္းမွာပါ။ Mercury Gray နဲ႔ Earthy Gold ဆိုၿပီး အေရာင္ ၂ မ်ိဳးထုတ္ထားပါတယ္။ ဒီႏွစ္ ေႏွာင္းပိုင္းမွာ ေရာင္းမွာပါ။ တန္ဖိုး အနည္းဆံုး ေမာ္ဒယ္ကို ၉၉၉ ေဒၚလာ သတ္မွတ္ထားၿပီး ျမန္မာေငြ ၁၅ သိန္းေလာက္ရွိပါတယ္။

Ref : gsmarena

[Unicode]

Snapdragon 855 နဲ့ Windows OS ပါတဲ့ Samsung Galaxy Book S

Samsung က Galaxy Note 10 Series တွေနဲ့အတူ Galaxy Book 2 ရဲ့ မျိုးဆက် Galaxy Book S ကို ကြေညာလိုက်ပါတယ်။ အဲဒီ လက်ပ်တော့မှာ Snapdragon 855 နဲ့ Windows 10 OS ထည့်သွင်းထားပြီး အရမ်းကို ပါးလွှာပေါ့ပါးပါတယ်။ Galaxy Book S မှာ ၁၃.၃ လက်မ Full HD Touchscreen , 8GB RAM တွေ ထည့်သွင်းထားပါတယ်။ 512GB Internal Storage အထိ ရွေးချယ်နိုင်ပြီး 1TB microSD Card အထိ ထောက်ပံ့ပါတယ်။

လက်ပ်တော့မှာ 42Wh Battery ထည့်သွင်းထားပြီး ဗီဒီယိုတွေ ကြည့်ရင် ၂၃ နာရီ အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီအတွက် ၁ ခါအားအပြည့်သွင်းထားပြီး သာမာန် သုံးရင် ၁ နေ့လုံး အသုံးခံပါတယ်။ Quick Charge 2.0 နဲ့ Power Delivery 2.0 စံနှုန်းတွေ ပါပါတယ်။ WiFi နဲ့ LTE ဆက်သွယ်မှုတွေ ထည့်ထားပါတယ်။ USB-C Port ၁ ခုထဲသာ ပါတာက သိပ်မမိုက်ပါဘူး။ Windows Hello လုပ်ဆောင်ချက်ကို ထောက်ပံ့တဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်ထားပါတယ်။

စွမ်းရည်မြင့် အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အလေးချိန်က ဝ.၉၆ ကီလိုဂရမ်သာ ရှိပါတယ်။ အရမ်းကို ပါးလွှာပြီး အထူက ၁၁.၈ မီလီမီတာသာ ရှိပါတယ်။ AKG-branded Loudspeakers နဲ့ Dolby Atmos Tuning တွေ ပါတဲ့ အတွက် အသံအရည်အသွေးက အရမ်းကို လန်းမှာပါ။ Mercury Gray နဲ့ Earthy Gold ဆိုပြီး အရောင် ၂ မျိုးထုတ်ထားပါတယ်။ ဒီနှစ် နှောင်းပိုင်းမှာ ရောင်းမှာပါ။ တန်ဖိုး အနည်းဆုံး မော်ဒယ်ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၅ သိန်းလောက်ရှိပါတယ်။

Ref : gsmarena