Samsung ဟာ ဩဂုတ်လ ၁၁ ရက်နေ့မှာ Unpacked Event ကို ကျင်းတော့မှာ ဖြစ်ပြီး အဓိက ကြေညာမယ့် ထုတ်ကုန် ၂ ခုက Galaxy Z Fold3 နဲ့ Galaxy Z Flip3 တို့ ဖြစ်ပါတယ်။ အဲဒီ Foldable ဖုန်းတွေနဲ့အတူ Samsung က Galaxy Watch4 Series နဲ့ Galaxy Buds 2 တို့ကိုပါ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Galaxy Buds 2 ရဲ့ ဈေးနှုန်း ပေါက်ကြားလာပါတယ်။

Samsung Galaxy Buds 2 release date, price, and rumors | TechRadar

Samsung Galaxy Buds 2 ကို ၁၇၂ ယူရိုနဲ့ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၃ သိန်း ၃ သောင်းလောက်ရှိတဲ့အတွက် ဈေးမသေးတဲ့ နားကြပ် ဖြစ်လာမှာပါ။ ဒါဟာ Galaxy Buds+ ရဲ့  အစောပိုင်းရောင်းဈေးဖြစ်တဲ့ ၁၇၀ ယူရိုနဲ့တူသွားမှာပါ။

Samsung Galaxy Buds 2 European Pricing Revealed Ahead Of Launch

Buds 2 ဟာ အရင်မျိုးဆက်လိုပဲ နားထဲ ဝတ်ဆင်ရတဲ့ နားကြပ် အမျိုးအစား ဖြစ်ပြီး မကြာခင်က ပေါက်ကြားသတင်းအရ Black , White , Green နဲ့ Violet ၄ ရောင်ထုတ်လုပ်ထားမှာပါ။ Active Noise Cancellation ပါလာနိုင်ပြီး ဆက်သွယ်မှုနဲ့ ဘက်ထရီ သက်တမ်း ပိုကောင်းလာမှာပါ။

Buds 2 ကို FCC မှာ မော်ဒယ်နံပါတ် SM-R177 အနေနဲ့ မှတ်ပုံတင်ထားပြီး နားကြပ်မှာ 120mAh ဘက်ထရီနဲ့ Charging Case မှာ 500mAh ဘက်ထရီတွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ လျှို့ဝှက်နာမည်က Berry ဖြစ်ပြီး Apple AirPods Pro ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီလ ၁၁ ရက်နေ့ Unpacked Event မှာ Samsung ရဲ့ ထုတ်ကုန် အသစ်တွေကို မြိုင်မြိုင်ဆိုင်ဆိုင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Unpacked Event ကို Samsung က အွန်လိုင်းကနေ တိုက်ရိုက် ပြသမှာ ဖြစ်ပါတယ်။

Ref : gizmochina