Samsung ဟာ ဩဂုတ်လ ၅ ရက်နေ့မှာ Unpacked Event ကို ကျင်းပမှာ ဖြစ်ပြီး Galaxy Note20 Series , Galaxy Z Fold 2 နဲ့ Galaxy Tab S7 Series တက်ဘလက်တွေကို ကြေညာတော့မှာပါ။ ဒါ့အပြင် Samsung က Galaxy Buds Live TWS နားကြပ်ကိုပါ ချပြနိုင်ပါတယ်။

Samsung က အဲဒီပွဲမှာ Galaxy Buds Live ကို ကြေညာမယ်ဆိုတာ အတည် မပြုသေးပါဘူး။ ဒါပေမယ့် အဲဒီ နားကြပ်ရဲ့ Support Page တွေကို အိန္ဒိယ၊ ရုရှား၊ ဂျာမနီနဲ့ ဗြိတိန် နိုင်ငံတွေမှာ လွှင့်တင်ထားကြတဲ့အတွက် ကြေညာဖို့ နီးနေပြီဆိုတာ သေချာပါတယ်။

အရင် ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ ဓါတ်ပုံတွေအရ Samsung ဟာ Galaxy Buds Live ရဲ့ ဒီဇိုင်းကို ကွဲပြားအောင် ပြုလုပ်ထားပြီး ပဲသီး ဒီဇိုင်း ဖြစ်ပါတယ်။ အရင်မျိုးဆက် Galaxy Buds နဲ့ လုံးဝကွဲပြားနေပါတယ်။ Galaxy Buds Live အတွက် အနည်းဆုံး အရောင် ၃ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Charging Case မှာ LED Charging Indicator ၂ ခု ပါပါတယ်။ နားကြပ်ရဲ့ ဒီဇိုင်းတွေကို အထက်က ပုံမှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena