Samsung ဟာ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ Galaxy S21 Series ကိုမိတ်ဆက်သွားမယ်ဆိုတာကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Galaxy Unpacked Event မှာ Galaxy S21 Series ဖုန်းတွေနဲ့အတူ TWS Earbuds အသစ်ဖြစ်တဲ့ Galaxy Buds Pro ကိုလည်း မိတ်ဆက်သွားမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ Galaxy Buds Pro တွေကို မိတ်ဆက်ထားခြင်းမရှိသေးပေမယ့် Hands-on Unboxing Video တစ်ခုက YouTube မှာ ပေါက်ကြားလာခဲ့ပါတယ်။ ဒါကတော့ YouTuber Jeff Schick (Digital Slang) ကနေ တင်ထားခဲ့တာဖြစ်ပြီး Galaxy Buds Pro ရဲ့ Design အပြင် ပါဝင်လာမယ့် Feature တွေကိုပါ တွေ့မြင်ခဲ့ရပါတယ်။

 

Galaxy Buds Pro ဟာ Earbuds အနေနဲ့ အသုံးပြုမယ်ဆိုရင် ၅ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case နဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင်တော့ ၁၈ နာရီအထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါက Galaxy Buds+ လိုမျိုးနဲ့ နှိုင်းယှဥ်မယ်ဆိုရင် လျော့နည်းသွားတာဖြစ်ပေမယ့် Active Noise Cancellation (ANC) လိုမျိုး Feature တွေပါဝင်လာတာကြောင့်ဖြစ်နိုင်ပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ IPX7 Rating ၊ Touch Control ၊ Wireless Charging တွေကို Support ပြုလုပ်မှာဖြစ်ပြီး Silicon Eartips Design ကိုပဲ ဆက်လက်အသုံးပြုလာတာဖြစ်ပါတယ်။ ယခင် Galaxy Buds+ တွေထက် သိသိသာသာ ပိုသေးငယ်သွားသလို Charging Case မှာလည်း Battery Level ပြသပေးနိုင်တဲ့ LED ပါဝင်မှာဖြစ်ပါတယ်။

Galaxy Buds Pro ဟာ ANC Feature အပြင် ပြင်ပအသံတွေကို ကြားနိုင်မယ့် Transparency Mode လည်းထည့်သွင်းထားပါသေးတယ်။ ANC အနေနဲ့ကတော့ ကောင်းမွန်တယ်ဆိုပေမယ့် Apple ရဲ့ AirPods Pro ကိုတော့ မမှီသေးဘူးလို့ သိရပါတယ်။

Ref – GSM Arena