Galaxy S22 စီးရီးဖုန်းတွေဟာ Stable Android 13 နဲ့ One UI 5.0 update ကို တရားဝင် စတင်လက်ခံရရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Galaxy S22, S22+ နဲ့ S22 Ultra ကို ပိုင်ဆိုင်ထားကြတဲ့ သန်းပေါင်းများစွာသော အသုံးပြုသူတွေဟာ Update နဲ့အတူ အသုံးပြုမှု အတွေ့အကြုံသစ်ကို ရယူနိုင်ကြပြီ ဖြစ်ပါတယ်။

Samsung ဟာ Galaxy S22 စီးရီးအတွက် One UI 5.0 beta program ကို အသုံးပြုသူ တုံ့ပြန်ချက်ရရှိဖို့နဲ့ Stable အဖြစ် ထုတ်မပေးခင် နှစ်လကြာ စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ One UI 5.0 ကို Foldable တွေအပါအဝင် အခြား Galaxy Flagships အများအပြားမှာ စမ်းသပ်နေပြီလို့လည်း သိရပါတယ်။

ဒါကြောင့် ဒီနှစ်မကုန်ခင်မှာ Samsung ရဲ့ 2021 နဲ့ 2022 flagships တွေအားလုံး (အနည်းဆုံး Mid-range တစ်မျိုးအပါအဝင်) ကို Android 13 update ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိအချိန်အထိသိရှိထားတဲ့ Stable One UI 5.0 update ကို လက်ခံရရှိနိုင်မဲ့ စာရင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Galaxy S22 series

Galaxy S21 series

Galaxy S20 series

Galaxy Note 20/Note 20 Ultra

Galaxy A53 5G

Galaxy A33 5G

Galaxy Z Flip 4

Galaxy Z Fold 4

Galaxy A73 5G

Galaxy Tab S8 series

Galaxy Xcover 6 Pro

Galaxy M52 5G

အခု ဖော်ပြထားတဲ့စာရင်းကတော့ Stable android 13 နဲ့ One UI 5.0 update ကို တရားဝင် လက်ခံရရှိမှာဖြစ်ပြီး အချို့နိုင်ငံတွေမှာတော့ Beta version ကိုပဲ ရရှိဦးမှာ ဖြစ်ပါတယ်။ Update ရရှိနိုင်မှုဟာလည်း နိုင်ငံအလိုက်၊ ဈေးကွက်အလိုက် ကွဲပြားမှုရှိတာကြောင့် စာဖတ်သူရဲ့ Device ဟာ အခုအချိန်မှာ Update ပြုလုပ်လို့မရသေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Ref: sammobile