Zawgyi

Samsung ရဲ႕ Fitness Wearable Band တစ္ခုျဖစ္တဲ့ Galaxy Fit ဟာ ေစ်းအရ Mi Band ေတြနဲ႔ ယွဥ္ရင္ ပိုမ်ားတယ္ဆိုေပမယ့္ Design လွပၿပီး Feature စုံလင္တဲ့ Wearable Band တစ္ခုျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Samsung ကေန Galaxy Fit အတြက္ အေရးပါတဲ့ Feature Update တစ္ခုကို ထုတ္ေပးလိုက္ပါၿပီ။

ဒီ Galaxy Fit ရဲ႕ Update မွာေတာ့ Watch Face အသစ္ေတြအျပင္ Wearable Band ေတြမွာ အေရးပါတဲ့ Feature တစ္ခုျဖစ္တဲ့ Music Control Feature ကိုပါ ရရွိလာတာျဖစ္ပါတယ္။ အခု Update File Size အေနနဲ႔ 10MB ဝန္းက်င္ပဲ ရွိမွာျဖစ္ၿပီး Google Play Store ကေန Galaxy Fit Plugin ကို Update လုပ္လိုက္႐ုံပါပဲ။

Watch Face အသစ္ေတြအေနနဲ႔ဆိုရင္ အသစ္ပဲ ၃၁ ခု ထက္မနည္းပါဝင္လာတာျဖစ္သလို Music Widget အသစ္ကေန ဖုန္းနဲ႔ခ်ိတ္ဆက္ၿပီး Music Control ေတြကို Play ၊ Pause နဲ႔ Next ၊ Previous Track ေတြကိုပါ ထိန္းခ်ဳပ္လာႏိုင္မွာျဖစ္ပါတယ္။ အသုံးျပဳသူေတြရဲ႕ ေျပာၾကားခ်က္အရလည္း Do Not Disturb Mode ကို Activate ျပဳလုပ္တဲ့အခ်ိန္က ယခင္ကထက္ ျမန္ဆန္လာတယ္လို႔ သိရပါတယ္။

Galaxy Fit ကို အသုံးျပဳသူေတြအေနနဲ႔ အခု Firmware Version က R370XXU0ASK1 ျဖစ္ၿပီးေတာ့ တကယ္လို႔ ဒီ Update ကို မရရွိေသးဘူးဆိုရင္လည္း အခုပဲ Play Store ကေန Update လုပ္ႏိုင္မွာပါ။

Ref – Phone Arena

Unicode

Samsung ရဲ့ Fitness Wearable Band တစ်ခုဖြစ်တဲ့ Galaxy Fit ဟာ စျေးအရ Mi Band တွေနဲ့ ယှဥ်ရင် ပိုများတယ်ဆိုပေမယ့် Design လှပပြီး Feature စုံလင်တဲ့ Wearable Band တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ Galaxy Fit အတွက် အရေးပါတဲ့ Feature Update တစ်ခုကို ထုတ်ပေးလိုက်ပါပြီ။

ဒီ Galaxy Fit ရဲ့ Update မှာတော့ Watch Face အသစ်တွေအပြင် Wearable Band တွေမှာ အရေးပါတဲ့ Feature တစ်ခုဖြစ်တဲ့ Music Control Feature ကိုပါ ရရှိလာတာဖြစ်ပါတယ်။ အခု Update File Size အနေနဲ့ 10MB ဝန်းကျင်ပဲ ရှိမှာဖြစ်ပြီး Google Play Store ကနေ Galaxy Fit Plugin ကို Update လုပ်လိုက်ရုံပါပဲ။

Watch Face အသစ်တွေအနေနဲ့ဆိုရင် အသစ်ပဲ ၃၁ ခု ထက်မနည်းပါဝင်လာတာဖြစ်သလို Music Widget အသစ်ကနေ ဖုန်းနဲ့ချိတ်ဆက်ပြီး Music Control တွေကို Play ၊ Pause နဲ့ Next ၊ Previous Track တွေကိုပါ ထိန်းချုပ်လာနိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ ပြောကြားချက်အရလည်း Do Not Disturb Mode ကို Activate ပြုလုပ်တဲ့အချိန်က ယခင်ကထက် မြန်ဆန်လာတယ်လို့ သိရပါတယ်။

Galaxy Fit ကို အသုံးပြုသူတွေအနေနဲ့ အခု Firmware Version က R370XXU0ASK1 ဖြစ်ပြီးတော့ တကယ်လို့ ဒီ Update ကို မရရှိသေးဘူးဆိုရင်လည်း အခုပဲ Play Store ကနေ Update လုပ်နိုင်မှာပါ။

Ref – Phone Arena