Unicode

Samsung ဟာပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အစောပိုင်းတုန်းက ပထမဆုံး Folable Phone ဖြစ်တဲ့ Samsung Galaxy Fold ကို မိတ်ဆက်ခဲ့ပြီး စတင်ရောင်းချတဲ့အချိန်မှာ ပြဿနာတွေကြုံတွေ့ခဲ့ရပေမယ့် လက်ရှိအချိန်မှာ ပြန်လည်ပြင်ဆင်ပြီး ရောင်းချနေပြီဖြစ်ပါတယ်။ လောလောဆယ်ထွက်ရှိထားတဲ့ သတင်းတွေအရ Samsung ကနေ Galaxy Fold 2 ကို လည်းလာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ Galaxy S11 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်လာတော့မှာပါ။

ဒီ Samsung ရဲ့ ဒုတိယမြောက် Galaxy Fold 2 နဲ့ ပတ်သတ်ပြီး သတင်းအချို့ထွက်ပေါ်လာပြီးတော့ Galaxy Fold 2 မှာ ပြီးခဲ့တဲ့ Galaxy Fold ဖုန်းတုန်းကလိုမျိုး ကွေးညွတ်နိုင်တဲ့ Polymer Display အစား Ultra Thin Glass Display ကိုပြောင်းလဲအသုံးပြုလာမှာဖြစ်ပါတယ်။ Samsung ကိုယ်တိုင်လည်း ဒီ Ultra Thin Glass ဆိုတဲ့နာမည်ကို မှတ်ပုံတင်လိုက်ပြီဖြစ်တဲ့အတွက် ကျိန်းသေတဲ့သတင်းလို့ ပြောလို့ရနေပါပြီ။

ဒီလိုမျိုး Ultra Thin Glass တွေဟာ အထူအနေနဲ့ 100 microns ကနေ 30 microns အထိပဲရှိမှာဖြစ်တဲ့အတွက် လူရဲ့ ဆံသားတစ်မျှင်လောက်အထိကို ပါးလွှာနေမှာဖြစ်ပါတယ်။ ဒါ့အပြင် Polymer အစား Glass Display ဖြစ်တဲ့အတွက် Galaxy Fold တုန်းကလိုမျိုး Display နဲ့ ပတ်သတ်တဲ့ ပြဿနာတွေဖြစ်တာကနေ ရှောင်ရှားနိုင်မယ်လို့ ယူဆရပါတယ်။

Samsung ဟာ Foldable Phone စျေးကွက်ကို နောက်နှစ်မှာ သိသိသာသာတိုးမြှင့်ချင်ပုံရပြီးတော့ လက်ရှိအချိန်မှာလည်း အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင်နဲ့ ညီမျှတဲ့ငွေကြေးပမာဏကိုလည်း ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။ နောက်နှစ်ထဲမှာ Foldable Phone အလုံးရေ ၅ သန်းကနေ ၆ သန်းလောက်အထိ ထုတ်လုပ်နိုင်အောင်လည်း Production ကို တိုးမြှင့်ထုတ်လုပ်သွားဖို့ စီစဥ်ထားတယ်လို့လည်း သတင်းရရှိပါတယ်။

Samsung Galaxy Fold 2 ဟာ ပြီးခဲ့တဲ့ Galaxy Fold နဲ့မတူညီဘဲ Motorola Razr လိုမျိုး ထက်ဝက်ခေါက်ချိုးလို့ရတဲ့ Design နဲ့ ထွက်ရှိလာမှာဖြစ်ပြီး စျေးနှုန်းကလည်း ပိုပြီးသက်သာလာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China

Zawgyi

Samsung ဟာၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အေစာပိုင္းတုန္းက ပထမဆုံး Folable Phone ျဖစ္တဲ့ Samsung Galaxy Fold ကို မိတ္ဆက္ခဲ့ၿပီး စတင္ေရာင္းခ်တဲ့အခ်ိန္မွာ ျပႆနာေတြႀကဳံေတြ႕ခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာ ျပန္လည္ျပင္ဆင္ၿပီး ေရာင္းခ်ေနၿပီျဖစ္ပါတယ္။ ေလာေလာဆယ္ထြက္ရွိထားတဲ့ သတင္းေတြအရ Samsung ကေန Galaxy Fold 2 ကို လည္းလာမယ့္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔မွာ Galaxy S11 Series ဖုန္းေတြနဲ႔အတူ မိတ္ဆက္လာေတာ့မွာပါ။

ဒီ Samsung ရဲ႕ ဒုတိယေျမာက္ Galaxy Fold 2 နဲ႔ ပတ္သတ္ၿပီး သတင္းအခ်ိဳ႕ထြက္ေပၚလာၿပီးေတာ့ Galaxy Fold 2 မွာ ၿပီးခဲ့တဲ့ Galaxy Fold ဖုန္းတုန္းကလိုမ်ိဳး ေကြးၫြတ္ႏိုင္တဲ့ Polymer Display အစား Ultra Thin Glass Display ကိုေျပာင္းလဲအသုံးျပဳလာမွာျဖစ္ပါတယ္။ Samsung ကိုယ္တိုင္လည္း ဒီ Ultra Thin Glass ဆိုတဲ့နာမည္ကို မွတ္ပုံတင္လိုက္ၿပီျဖစ္တဲ့အတြက္ က်ိန္းေသတဲ့သတင္းလို႔ ေျပာလို႔ရေနပါၿပီ။

ဒီလိုမ်ိဳး Ultra Thin Glass ေတြဟာ အထူအေနနဲ႔ 100 microns ကေန 30 microns အထိပဲရွိမွာျဖစ္တဲ့အတြက္ လူရဲ႕ ဆံသားတစ္မွ်င္ေလာက္အထိကို ပါးလႊာေနမွာျဖစ္ပါတယ္။ ဒါ့အျပင္ Polymer အစား Glass Display ျဖစ္တဲ့အတြက္ Galaxy Fold တုန္းကလိုမ်ိဳး Display နဲ႔ ပတ္သတ္တဲ့ ျပႆနာေတြျဖစ္တာကေန ေရွာင္ရွားႏိုင္မယ္လို႔ ယူဆရပါတယ္။

Samsung ဟာ Foldable Phone ေစ်းကြက္ကို ေနာက္ႏွစ္မွာ သိသိသာသာတိုးျမႇင့္ခ်င္ပုံရၿပီးေတာ့ လက္ရွိအခ်ိန္မွာလည္း အေမရိကန္ေဒၚလာ ၁၀ သန္းဝန္းက်င္နဲ႔ ညီမွ်တဲ့ေငြေၾကးပမာဏကိုလည္း ရင္းႏွီးျမႇဳပ္ႏွံထားတယ္လို႔ သိရပါတယ္။ ေနာက္ႏွစ္ထဲမွာ Foldable Phone အလုံးေရ ၅ သန္းကေန ၆ သန္းေလာက္အထိ ထုတ္လုပ္ႏိုင္ေအာင္လည္း Production ကို တိုးျမႇင့္ထုတ္လုပ္သြားဖို႔ စီစဥ္ထားတယ္လို႔လည္း သတင္းရရွိပါတယ္။

Samsung Galaxy Fold 2 ဟာ ၿပီးခဲ့တဲ့ Galaxy Fold နဲ႔မတူညီဘဲ Motorola Razr လိုမ်ိဳး ထက္ဝက္ေခါက္ခ်ိဳးလို႔ရတဲ့ Design နဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး ေစ်းႏႈန္းကလည္း ပိုၿပီးသက္သာလာမယ္လို႔ ယူဆရပါတယ္။

Ref – Gizmo China