ကောလာဟလကတော့ အမြဲတမ်းရှိနေတာပါပဲ။ မှန်သွားတဲ့ကောလာဟလကတော့ တန်ဖိုးတက်ပြီး သတင်းဖြစ်လာကြပါတယ်။ အခုလည်း Galaxy Fold lite နဲ့ပတ်သက်တဲ့ ကောလာဟလက ထွက်ပေါ်လာပြန်ပါပြီ။ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တွေတုန်းကတည်းက ထွက်ပေါ်ခဲ့ဖူးတဲ့ ကောလာဟလတွေပါ။

Twitter မှာ ပေါက်ကြားသတင်းတွေနဲ့ လူသိများတဲ့ @chunvn8888 က Samsung ဟာ အလယ်အလတ်တန်းစား Galaxy A စီးရီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမဲ့ Budget foldable ဖုန်းတစ်လုံးကို လုပ်ဆောင်နေတယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဖုန်းနဲ့ပတ်သက်တဲ့ အခြားအသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုထားခြင်းမရှိပါဘူး။

Galaxy Fold Lite ဟာ Fold 3 ရဲ့ 7.6-inch ပင်မမျက်နှာပြင်ထက်သေးငယ်တဲ့ 7-inch မျက်နှာပြင်နဲ့အတူ Fold 3 ရဲ့ 6.2-inch ထက် ပိုသေးငယ်တဲ့ 4-inch ပြင်ပမျက်နှာပြင်တွေပါဝင်မယ်လို့ ကောလာဟလ ထွက်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung ရဲ့ ပရီမီယံ Flip နဲ့ Fold တွေမှာပါရှိတဲ့ Ultra-Thin Glass လည်း ပါရှိမှာမဟုတ်လို့လည်း ဆိုနေကြတာပါ။ ဒီဖုန်းကို အလူမီနီယမ်ရယ် ဖန်သားပြင်နဲ့ ပြုလုပ်မယ်လို့ ရည်ညွှန်းနေကြပါတယ်။

အခြားအချက်အလက်တွေအနေနဲ့ Qualcomm Snapdragon 865 chipset နဲ့ 256GB Storage ထောက်ပံ့လာဖွယ်ရှိပြီး တန်ဖိုးက $900 နဲ့ $1,100 ကြားမှာရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ အချိန်တွေအတော်ကြာလာတဲ့အထိ ဒီကောလာဟလတွေက သတင်းဖြစ်မလာသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Foldable ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုတွေက ပိုပြီးပြင်းထန်လာမှာဖြစ်တဲ့အတွက် Samsung အနေနဲ့ ဈေးနှုန်းချိုသာတဲ့ Foldable အမျိုးအစားကို မဖြစ်နေထုတ်လာရမယ်လို့ ခန့်မှန်းရပါတယ်။

Ref: Phone Arena