Unicode

Samsung ကနေ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Galaxy S20 Series စမတ်ဖုန်းတွေနဲ့အတူ Galaxy Z Flip ဆိုတဲ့ Foldable ဖုန်းအသစ်ကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Foldable ဖုန်းဟာ မနှစ်တုန်းက ရောင်းချခဲ့တဲ့ Galaxy Fold ရဲ့ မျိုးဆက်သစ်ဆိုတာထက် စျေးပိုသက်သာတဲ့ Foldable ဖုန်းလို့တောင် ပိုပြောလို့ရပါတယ်။

Samsung ကိုယ်တိုင်ကလည်း ဒီနှစ်မှာ Foldable ဖုန်းတွေကို အလုံးရေ ၆ သန်းအထိ ရောင်းချရဖို့ စိတ်ကူးထားတဲ့အတွက် ဒီ Galaxy Z Flip အပြင် မနှစ်တုန်းက Galaxy Fold ရဲ့ မျိုးဆက်သစ် Foldable ဖုန်းအသစ်ကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။ အခုအချိန်မှာလည်း လာမယ့် ၂၀၂၀ နှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်လာမယ့် Galaxy Fold 2 ဖုန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်အချို့က ပေါက်ကြားလာခဲ့ပြန်ပါပြီ။

ဖြစ်နိုင်တာက Galaxy Z Flip ဖုန်းကို Galaxy S20 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်မှာဖြစ်သလိုပဲ Galaxy Fold 2 ကိုလည်း ပုံမှန် နှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်နေကြ Galaxy Note Series ဖုန်းသစ်နဲ့အတူ မိတ်ဆက်လာနိုင်ခြေများနေပါတယ်။

Galaxy Fold 2 ဟာ Qualcomm Snapdragon 865 Processor အပြင် 8-inch Ultra-thin Glass Display ကို အသုံးပြုလာမှာဖြစ်ပြီး Design ပိုင်းက Galaxy Fold နဲ့ ပိုပြီးဆင်တူမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Galaxy S20 Ultra ဖုန်းမှာ စတင်အသုံးပြုလာမယ့် 108MP Primary Camera ကိုပါ ထည့်သွင်းထားမှာဖြစ်ပြီး ထူးခြားချက်အနေနဲ့ S Pen Stylus ပါ ပါဝင်လာဦးမှာပါ။ အဲ့ဒီအတွက် Galaxy Note Series ဖုန်းတွေနဲ့ တွဲပြီး မိတ်ဆက်မယ်ဆိုတာကို ပိုပြီး သေချာသွားစေပြန်ပါတယ်။

Ref – Gizmo China

Zawgyi

Samsung ကေန လာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ Galaxy S20 Series စမတ္ဖုန္းေတြနဲ႔အတူ Galaxy Z Flip ဆိုၿပီး Foldable ဖုန္းအသစ္ကို မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါ Foldable ဖုန္းဟာ မႏွစ္တုန္းက ေရာင္းခ်ခဲ့တဲ့ Galaxy Fold ရဲ႕ မ်ိဳးဆက္သစ္ဆိုတာထက္ ေစ်းပိုသက္သာတဲ့ Foldable ဖုန္းလို႔ေတာင္ ပိုေျပာလို႔ရပါတယ္။

Samsung ကိုယ္တိုင္ကလည္း ဒီႏွစ္မွာ Foldable ဖုန္းေတြကို အလုံးေရ ၆ သန္းအထိ ေရာင္းခ်ရဖို႔ စိတ္ကူးထားတဲ့အတြက္ ဒီ Galaxy Z Flip အျပင္ မႏွစ္တုန္းက Galaxy Fold ရဲ႕ မ်ိဳးဆက္သစ္ Foldable ဖုန္းအသစ္ကိုပါ မိတ္ဆက္လာမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာလည္း လာမယ့္ ၂၀၂၀ ႏွစ္ဝက္ေနာက္ပိုင္းမွာ မိတ္ဆက္လာမယ့္ Galaxy Fold 2 ဖုန္းနဲ႔ သက္ဆိုင္တဲ့ အခ်က္အလက္အခ်ိဳ႕က ေပါက္ၾကားလာခဲ့ျပန္ပါၿပီ။

ျဖစ္ႏိုင္တာက Galaxy Z Flip ဖုန္းကို Galaxy S20 Series ဖုန္းေတြနဲ႔အတူ မိတ္ဆက္မွာျဖစ္သလိုပဲ Galaxy Fold 2 ကိုလည္း ပုံမွန္ ႏွစ္ဝက္ေနာက္ပိုင္းမွာ မိတ္ဆက္ေနၾက Galaxy Note Series ဖုန္းသစ္နဲ႔အတူ မိတ္ဆက္လာႏိုင္ေျခမ်ားေနပါတယ္။

Galaxy Fold 2 ဟာ Qualcomm Snapdragon 865 Processor အျပင္ 8-inch Ultra-thin Glass Display ကို အသုံးျပဳလာမွာျဖစ္ၿပီး Design ပိုင္းက Galaxy Fold နဲ႔ ပိုၿပီးဆင္တူမွာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Galaxy S20 Ultra ဖုန္းမွာ စတင္အသုံးျပဳလာမယ့္ 108MP Primary Camera ကိုပါ ထည့္သြင္းထားမွာျဖစ္ၿပီး ထူးျခားခ်က္အေနနဲ႔ S Pen Stylus ပါ ပါဝင္လာဦးမွာပါ။ အဲ့ဒီအတြက္ Galaxy Note Series ဖုန္းေတြနဲ႔ တြဲၿပီး မိတ္ဆက္မယ္ဆိုတာကို ပိုၿပီး ေသခ်ာသြားေစျပန္ပါတယ္။

Ref – Gizmo China