တိုးမြှင့်ထားသော ဖုန်းတွင်းမှတ်ဉာဏ်၊ ပိုမိုလျင်မြန်သော စွမ်းဆောင်ရည် နှင့် ပိုမိုကြာရှည်သော ဘက်ထရီ သက်တမ်းတို့အား ထည့်သွင်းထားသည့် ပထမဆုံးသော Android Go စမတ်ဖုန်းသစ်

ရန်ကုန်၊ မြန်မာ – နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၈ ခုနှစ် – Samsung ၏ ပထမဆုံးသော Android Go စမတ်ဖုန်းသစ်ဖြစ်ပြီး စမတ်ဖုန်းသုံးစွဲသူများအတွက် မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များ ထည့်သွင်းထားသည့် Galaxy J2 Core စမတ်ဖုန်းအား မြန်မာနိုင်ငံတွင် သင့်တင့်သော ဈေးနှုန်းဖြင့် စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း Samsung Myanmar မှ ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။

“ကျွန်တော်တို့ Samsung အနေနဲ့ အရည်အသွေးမြင့်နည်းပညာတွေနဲ့ ခေတ်ရှေ့ပြေးတဲ့ တီထွင်ဆန်းသစ်မှုတွေကို သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေနဲ့အညီ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေအားလုံးမှာ ထည့်သွင်းပေးထားပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှပြောကြားသည်။ “အခုအသစ်မိတ်ဆက်လိုက်တဲ့ Galaxy J2 Core စမတ်ဖုန်းမှာဆိုရင်လည်း အရည်အသွေးမြှင့်တင်ထားတဲ့ ဘက်ထရီ၊ ဖုန်းတွင်းမှတ်ဉာဏ်၊ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေနဲ့အတူ အရည်အသွေးမြင့် စမတ်ဖုန်းတွေမှာသာ ရနိုင်တဲ့ အဓိကလုပ်ဆောင်ချက် အချို့ကို ထည့်သွင်းပေးထားတာကြောင့် ပြီးပြည့်စုံတဲ့ စမတ်ဖုန်းအသုံးပြုမှုအတွေ့အကြုံကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားသည်။

အရည်အသွေးမြင့် စွမ်းဆောင်ရည်

Android Go ထည့်သွင်းထားသော Galaxy J2 Core သည် ပဏာမမိတ်ဆက်လိုက်သော စမတ်ဖုန်းများတွင် ပိုမိုကြာရှည်ခံသော ဘက်ထရီ၊ ပိုမိုထည့်သွင်းနိုင်သော ဖုန်းတွင်းမှတ်ဉာဏ်၊ အလွန်လျင်မြန်သော Processor နှင့်လုပ်ဆောင်ချက် အစရှိသည့် အရည်အသွေးတိုးမြှင့်ထားသော စွမ်းဆောင်ရည်တို့အား ပံ့ပိုးပေးထားသော စမတ်ဖုန်းဖြစ်သည်။

· ပိုမိုလျင်မြန်သောနှုန်း နှင့် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည် – Go Edition ဖြစ်သည့် Android Oreo အား ထည့်သွင်းပေးထားသော Galaxy J2 Core သည် ယခင်ထွက်ရှိခဲ့သော ဖုန်းမော်ဒယ်များ နှင့် နှိုင်းယှဉ်လျှင် ပိုမိုလျင်မြန်သည့် စွမ်းဆောင်ရည်အား ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပြီး Optimized Data Control ပါဝင်ခြင်းကြောင့် data အသုံးပြုမှု Limit ကျော်လွန်သွားခြင်းများအား စိတ်ပူရန်မလိုအပ်ဘဲ အလွယ်တကူ ထိန်းချုပ်အသုံးပြုနိုင်မည်ဖြစ်သည်။

· ပိုမိုတိုးမြှင့်ထားသော ဖုန်းတွင်းမှတ်ဉာဏ် – ပိုမိုတိုးမြှင့်ထည့်သွင်းထားသော ဖုန်းတွင်းမှတ်ဉာဏ် နှင့် ပိုမိုကောင်းမွန်လာသော Storage ပမာဏ တို့ကြောင့် Galaxy J2 Core သည် ဖုန်းတစ်လုံးအတွက် လိုအပ်သော စွမ်းဆောင်ရည် နှင့် ဖုန်းတွင်းမှတ်ဉာဏ်တို့ပါဝင်သည့် စမတ်ဖုန်းတစ်လုံးဖြစ်သည်။ Android Oreo (Go Edition) နှင့်အတူ ဖုန်းတွင်းမှတ်ဉာဏ်အနည်းငယ်သာ အသုံးပြုထားသည့် အဆင့်သင့်ထည့်သွင်းထားသော အက်ပလီကေးရှင်း အချို့ပါဝင်ပြီး ယခင်စမတ်ဖုန်းများတွင် ပံ့ပိုးထားသော Storage ပမာဏ နှင့် ယှဉ်လျှင် ၁ ဆခွဲအထိ တိုးမြှင့်ထားသည်။

· တစ်နေ့တာကြာရှည်ခံသည့် ဘက်ထရီသက်တမ်း – 2,600 mAh အရည်အသွေးရှိ ဘက်ထရီသက်တမ်းနှင့်အတူ သင့်တော်သော အက်ပလီကေးရှင်းများထည့်သွင်းထားသောကြောင့် သုံးစွဲသူများအနေဖြင့် ဘက်ထရီသက်တမ်းကြာရှည်ခံသော စမတ်ဖုန်းအား မနက်မှညအထိ အသုံးပြုနိုင်မည်ဖြစ်သည်။

Samsung ထုတ်ကုန်များ၏ လူကြိုက်များနှစ်သက်သော အသွင်အပြင်နှင့်အတူ Galaxy J2 Core သည် ဘက်ပေါင်းစုံဖျော်ဖြေမှု အတွေ့အကြုံတွေကို ခံစားရရှိနိုင်ရန်အတွက် ဖန်တီးထားသည့် ဖုန်းတစ်လုံးဖြစ်သည်။ Galaxy J2 Core တွင် 540 x 960 Resolution အထိထောက်ပံ့ပေးနိုင်သော ၅လက်မ အရွယ်အစားရှိ QuadHD မျက်နှာပြင်အားထည့်သွင်းပေးထားသောကြောင့် အရည်အသွေးကောင်းမွန်သော မျက်နှာပြင်မှ ကြည်လင်ပြတ်သားသော ရုပ်ထွက်များကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ ထို့အပြင် Ultra Data Saving လုပ်ဆောင်ချက်ဖြင့် ဒေတာအသုံးပြုမှုအား ပိုမိုထိရောက်စွာအသုံးချနိုင်ရန် ရွေးချယ်မှု၊ အကြံပေးမှုများနှင့်အတူ ပံ့ပိုးပေးမည်ဖြစ်သောကြောင့် Galaxy J2 Core သည် ဖုန်းအသုံးပြုသူများအနေဖြင့် အွန်လိုင်းပေါ်မှ ကြိုက်နှစ်သက်ရာ Content များအား ဒေတာအသုံးပြုမှု Limit အား ကျော်လွန်မသွားဘဲ စိတ်ကြိုက် ကြည့်ရှုနိုင်စေရန် စွမ်းဆောင်ပေးမည်ဖြစ်သည်။

အဆိုပါစမတ်ဖုန်းတွင်flash ပါဝင်သော 8 MP အရည်အသွေးရှိ အနောက်ကင်မရာ နှင့် 5 MP အရည်အသွေးရှိ အရှေ့ကင်မရာ အစရှိသဖြင့် ကင်မရာ ၂ လုံးထည့်သွင်းပေးထားသည်။ အဆိုပါကင်မရာ ၂ လုံးစလုံးတွင် F 2.2 ရှိသည့် အလင်းဝင်ပေါက်ပါဝင်သောကြောင့် မြင်ကွင်းကျယ်ဓာတ်ပုံများကို ရိုက်ယူနိုင်မည်ဖြစ်သည်။

Galaxy J2 Core အား အနက်ရောင်၊ အပြာရောင် နှင့် ရွှေရောင် အစရှိသဖြင့် အရောင် (၃) ရောင် ရွေးချယ်နိုင်မည်ဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်မှစတင်၍ မြန်မာကျပ်ငွေ ၁၅၆, ၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

အဆိုပါစမတ်ဖုန်းသစ်မိတ်ဆက်မှုနှင့်အတူ Samsung Myanmar မှ MyTel မြန်မာနှင့်ပူးပေါင်းထားပြီး Galaxy J2 Core ဝယ်ယူသူများအား အထူးခံစားခွင့်အနေဖြင့် ဒေတာအသုံးပြုမှု 1GB၊ MyTel ဖုန်းအချင်းချင်းမက်ဆေ့ခ်ျပေးပို့မှု အစောင် ၁၀၀ နှင့်အတူ VoLTE ဝန်ဆောင်မှုအား တစ်လလျှင် ၂ ကြိမ်အသုံးပြုကို ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါခံစားခွင့်အား လစဉ် ဖုန်းငွေဖြည့်ကဒ် အနည်းဆုံး ၃၀၀၀ ကျပ် ဖြည့်သွင်းရုံဖြင့် ၁၂ လဆက်တိုက်ရရှိနိုင်မည်ဖြစ်သည်။