Samsung က M Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Galaxy M01s လို့ နာမည်ပေးထားပြီး အရွယ်ကြီး ၆.၂ လက်မ HD+ Infinity-V LCD မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Helio P22 Chipset မောင်းနှင်ထားပြီး အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာပါတယ်။ တခြား Specs တွေဟာ ပြီးခဲ့တဲ့ လကကြေညာခဲ့တဲ့ Galaxy M01 နဲ့ တူညီပါတယ်။

Galaxy M01s မှာ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ 3GB RAM နဲ့ 32GB Storage ပါလာပြီး Android 9 Pie အခြေပြု One UI Core 1.1 မောင်းနှင်ထားပါတယ်။ 4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး micro USB ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။

Galaxy M01s အတွက် အညိုနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပြီး ရူပီး ၉,၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၈ သောင်းလောက်ပဲ ရှိပြီး Samsung ရဲ့ အွန်လိုင်းနဲ့ မြေပြင် စတိုးတွေ အပြင် တခြား အွန်လိုင်း စတိုးတွေကနေ ရောင်းပေးလိုက်ပါပြီ။

Ref : gsmarena