Samsung Galaxy M12 ကို FCC, NBTC, Geekbench စတဲ့နေရာတွေမှာတွေ့မြင်ရပြီးဖြစ်တာကြောင့်၊ တရားဝင်မိတ်ဆက်ချိန်နဲ့ သိပ်ပြီးနီးကပ်နေပြီဆိုတာ သိသာထင်ရှားနေပါပြီ။ အခုတော့ ဒီဟန်းဆက်တွေကို အိန္ဒိယနိုင်ငံ၊ Noida ကစက်ရုံမှာ အလုံးအရင်းနဲ့ ထုတ်လုပ်နေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်က Galaxy M12 ရဲ့ Frame ကိုပြသတဲ့ ဓါတ်ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာပါတယ်။ ဒါကြောင့် အစုလိုက်အပြုံလိုက်ထုတ်လုပ်နေပြီဆိုတာ သံသယဖြစ်စရာမရှိတော့ပါဘူး။ ဒီပုံရိပ်တွေအရ Galaxy M12 ဟာ V-shaped ပုံစံ Waterdrop မျက်နှာပြင်နဲ့ ဖြစ်တယ်ဆိုတာကိုလည်း အတည်ပြုနိုင်ပြီဖြစ်ပါတယ်။

ကနဦးသတင်းတွေမှာလည်း Galaxy M12 ဟာ 6.7-inch Infinity-V AMOLED display နဲ့ HD+ resolution ထောက်ပံ့ထားမယ်လို့ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခြားဓါတ်ပုံတွေကတော့ M12 ရဲ့ ပလတ်စတစ် Frame ပေါ်က အမှတ်အသားတွေနဲ့ SIM tray နေရာချထားပုံကို ဖော်ပြနေပါတယ်။

Galaxy M12 ဟာ Exynos 850 chipset နဲ့ 3GB of RAM တို့ တွဲဖက်ထားတယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 6,000mAh ပမာဏဖြစ်ပြီး၊ ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားတယ်လို့ သိရပါတယ်။ USB-C port နဲ့ Headphone jack တွေလည်း ထောက်ပံ့ထားပါသေးတယ်။

ဆက်စပ်သတင်းကတော့ Galaxy F12 ဟာ မော်ဒယ်နံပါတ် SM-M12FG/DS နဲ့အတူ အိန္ဒိယဝက်ဘ်ဆိုက်မှာ စာရင်းသွင်းထားတာကို တွေ့မြင်ရတာပါ။ Galaxy F12 ဟာ Galaxy M12 ရဲ့ Global version လို့ ယုံကြည်ရပါတယ်။ ဒါကြောင့် ဒီဟန်းဆက်နှစ်မျိုးလုံးကို တရားဝင်မြင်တွေ့ရဖို့ သိပ်မလိုတော့တာ သေချာနေပြီပဲ ဖြစ်ပါတယ်။

Ref: GSM Arena