Samsung ဟာ မကြာခင်ကပဲ F စီးရီးထဲက F41ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် Galaxy F12/M12 လိုမျိုး Device တွေနဲ့ပတ်သက်တဲ့ သတင်းတွေကို ကြားနေရတာလည်း တစ်လကျော်လောက် ကြာနေခဲ့ပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းက Samsung ဟာ Galaxy M စီးရီးသစ်နှစ်မျိုးကို မိတ်ဆက်ဖို့ ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

91Mobiles က ဖော်ပြထားတဲ့ ပကတိဓါတ်ပုံဟာ Galaxy M12 ရဲ့ ကျောဘက်ပုံစံဖြစ်ဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ ဒါတင်မကဘဲ F12 နဲ့ M12 တို့ဟာ မတူညီဘဲ ကွဲပြားခြားနားတဲ့ ဟန်းဆက်တွေဖြစ်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောလိုက်သလိုပါပဲ။ ဒါ့အပြင် ဒီဓါတ်ပုံဟာ အစောပိုင်းကပေါက်ကြားထားတဲ့ ဒီဇိုင်းနဲ့လည်း မတူညီတာကို တွေ့မြင်ရပါတယ်။

ပေါက်ကြားဓါတ်ပုံအရ Galaxy M12 ရဲ့ကျောပြင်ဟာ Google Pixel လိုမျိုး အရောင်နှစ်မျိုးစပ်ပြုလုပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီ Two-tone color ဟာ ပြောင်းပြန်ပြုလုပ်ထားတာပါ။ ကျောဘက် ကင်မရာအိမ်ဟာ စတုရန်းပုံစံဖြစ်ပြီး ကင်မရာလေးလုံးထည့်သွင်းတပ်ဆင်ထားတာ တွေ့ရပါတယ်။ LED ဖလက်ရှ်ကတော့ အပြင်ဘက်မှာ သီးသန့်တည်ရှိနေတာပါ။

နောက်တစ်ပုံမှာမြင်တွေ့ရတာကတော့ ဟန်းဆက်ရဲ့မော်ဒယ်နံပါတ်ပါ။ SM-M127F လို့ ရေးသားထားတာတွေ့ရပါတယ်။ ဒါကြောင့် Galaxy M12 ဆိုတာကို ပိုပြီးခိုင်မာစေပါတယ်။ Galaxy M12 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေအကြောင်းပြောဖို့ကတော့ အရမ်းစောလွန်းနေပါသေးတယ်။ ဒါပေမယ့် 6.7-inch မျက်နှာပြင်၊ 7,000mAh ဘက်ထရီ စတာတွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ ပကတိဓါတ်ပုံအရ Galaxy M12 ရဲ့ ကျောပြင်မှာ Fingerprint scanner တပ်ဆင်ထားခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။

Ref: Gizmochina