Samsung ဟာ ၂၀၂၃ ခုနှစ်အတွက် Mid Range A Series နဲ့ M Series ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်လျက်ရှိပြီး အခုလည်း Galaxy M14 5G ဖုန်းအသစ်ကို နောက်ဆုံးမိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Galaxy M14 5G ဖုန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy A14 5G ဖုန်းနဲ့ အတော်များများဆင်တူနေတာကိုတွေ့ရပါတယ်။

Galaxy M14 5G ဖုန်းဟာ Display ပိုင်းမှာ 6.6″ PLS LCD Display ကို အသုံးပြုထားပြီး Full HD+ Resolution အပြင် 90Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Camera ပိုင်းမှာလည်း 50MP Main Camera + 2MP Macro + 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အတွက် 13MP Sensor ကို Waterdrop Notch ပုံစံထည့်သွင်းအသုံးပြုထားပါတယ်။

Performance ပိုင်းမှာ Samsung ရဲ့ ကိုယ်ပိုင် Exynos 1330 Chipset ပါဝင်မှာဖြစ်ပြီး RAM 4GB ပဲသုံးပေးထားပါတယ်။ Storage အနေနဲ့ 64GB သို့မဟုတ် 128GB ကို ရွေးချယ်နိုင်မှာဖြစ်ပြီး MicroSD Card ကနေလည်း ထပ်မံတိုးချဲ့နိုင်မှာဖြစ်ပါတယ်။

Galaxy A14 5G ဖုန်းနဲ့ မတူညီတဲ့အားသာချက်တစ်ခုက Galaxy M14 5G ဟာ ကြီးမားတဲ့ 6000mAh Battery ပါဝင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် Charging ပိုင်းမှာ 15W Charging ကိုပဲ ထောက်ပံ့ပေးထားပါတယ်။ ကျန်တဲ့အပိုင်းတွေအနေနဲ့ USB-C ၊ 3.5mm Headphone Jack နဲ့ Side-mounted Fingerprint Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ One UI 5 ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Samsung Galaxy M14 5G ဖုန်းဟာ Navy Blue ၊ Light Blue နဲ့ Silver ဆိုပြီး အရောင် ၃ မျိုးထွက်ရှိထားပြီး စျေးနှုန်းအနေနဲ့ $200 (မြန်မာငွေ ၆ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena