ဖုန်းကုမ္ပဏီတွေရဲ့ နာမည်ပေးတဲ့ စနစ်တွေဟာ ပိုရှုပ်ထွေးလာပါပြီ။ ဖုန်း တစ်လုံးထဲကိုပဲ မတူညီတဲ့ နိုင်ငံတွေမှာ မတူညီတဲ့ နာမည်တွေနဲ့ ရောင်းချနေကြသလို မတူညီတဲ့ နိုင်ငံတွေမှာ မတူညီတဲ့ ဖုန်းတွေကို တူညီတဲ့ နာမည်တွေပေးထားကြပါတယ်။

Samsung ကလည်း Galaxy M21 2021 Edition နဲ့ လူတွေကို အရူးလုပ်ချင်ပုံရပါတယ်။ အဲဒီဖုန်းကို Google Play Console မှာ တွေ့ခဲ့ကြပြီးပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်ကိုပဲ သိရပါသေးတယ်။ အဲဒီအချိန်တုန်းက အရင်နှစ်ထုတ် Galaxy M21 နဲ့ နှိုင်းယှဉ်ဖို့ Specs တွေ မထွက်လာသေးပါဘူး။

Galaxy M21 4GB/64GB (Blue) - Specs | Samsung India

အခုတော့ Galaxy M21 2021 Edition ရဲ့ Specs အပြည့်အစုံ ထွက်လာပြီး Galaxy M21 နဲ့ ၁၀၀ ရာခိုင်နှုန်း တူညီနေပါတယ်။ အရင်နှစ်က ဖုန်းကိုပဲ ဒီနှစ်မှာ နာမည်ပြောင်းထုတ်တာ အဓိပ္ပါယ် မရှိပါဘူး။ အဲဒီအတွက် သတင်းမှားပါစေပဲ ဆုတောင်းပါတယ်။

တစ်ခုထဲသော ကွဲပြားချက်က Galaxy M21 မှာ Android 10 မောင်းနှင်ထားပြီး 2021 Edition မှာ Android 11 ထည့်ထားတာပါ။ ဒါပေမယ့် Galaxy M21 အတွက် Android 11 Update ကို ဖြန့်ချိပေးထားပြီးပြီ ဖြစ်တဲ့အတွက် Specs အားလုံး တူညီတယ်လို့ ဆိုရမှာပါ။ ဖုန်း ၁ လုံးထဲကိုပဲ ၂ နှစ်ဆက်တိုက် ထုတ်တယ်လို့ ပြောရမှာပါ။

Samsung ဟာ M21 ကို Refresh လုပ်တယ်လို့ ယူဆရပါတယ်။ ပုံမှန်ဆိုရင် မော်ဒယ်အသစ်မှာ Specs အနည်းငယ်ကို Update လုပ်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် M21s သို့မဟုတ် M22 စတဲ့ နာမည်တွေ ပေးထားလို့ရပါတယ်။ အခုတစ်ခါ Samsung လုပ်ပုံက ပုံမကျပါဘူး။ Galaxy M21 2021 Edition ကို တရားဝင် ကြေညာမယ့် နေ့ကျမှပဲ အားလုံး ရှင်းရှင်းလင်းလင်း သိရမှာပါ။ ကြေညာမယ့်နေ့ကို Samsung က မပြောသေးပါဘူး။

Ref : gsmarena