Samsung Galaxy M23 ဟာ မကြာခင်က NBTC ရဲ့ ဒေတာဘေ့စ်မှာ ထွက်ပေါ်ခဲ့ပြီး အခုတော့ Google Play Console ကို ရောက်လာပါပြီ။ ဒီတစ်ကြိမ်မှာ အဲဒီ စမတ်ဖုန်းရဲ့ ဟာ့ဒ်ဝဲတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရပါပြီ။

Screenshot from the Google Play Console listing

Samsung Galaxy M23 ရဲ့ မော်ဒယ်နံပါတ်က SM-M236B ဖြစ်ပြီး 1080x2408p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Snapdragon 750G Chipset မောင်းနှင်ထားပြီး အနည်းဆုံး 6GB RAM ပါလာမှာ ဖြစ်ပါတယ်။ Snapdragon 750G Chipset မှာ ပါတဲ့ X52 Modem က 5G ဆက်သွယ်မှု ထောက်ပံ့နိုင်ပါတယ်။

Google Play Console က စာရင်းအရ Samsung Galaxy M23 မှာ Android 12 Operating System မောင်းနှင်ထားပြီး 25W Fast Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။

Samsung က Galaxy M23 စမတ်ဖုန်းကို ဘယ်အချိန် ကြေညာမလဲ ဆိုတာ မသိရသေးပေမယ့် မကြာခဏ သတင်းအချက်အလက်တွေ ပေါက်ကြားနေပြီး အာဏာပိုင် အဖွဲ့အစည်းတွေမှာ မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးသထက်နီးလာနေပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Galaxy A13 4G နဲ့ Galaxy M23 5G ရဲ့ ဝက်ဘ်စာမျက်နှာတွေကို Samsung ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ လွှင့်တင်ထားပါတယ်။ A13 4G ကို Samsung ရဲ့ အိန္ဒိယ၊ ဗြိတိန်၊ ရုရှားနဲ့ ဆွစ်ဇာလန် ဝက်ဘ်ဆိုက်တွေနဲ့ M23 5G ကို ဗြိတိန်နဲ့ ရုရှား ဝက်ဘ်ဆိုက်တွေမှာ စာရင်းတင်ထားပါတယ်။

Ref : gsmarena