[Zawgyi]

၂၀၁၉ မွာ Samsung ရဲ႕ Galaxy M Series သစ္ကလည္း ေဈးကြက္ေဖာ္ေဆာင္မႈပိုင္းမွာ အေတာ္ေလးကို ထိေရာက္တဲ့ ေမာ္ဒယ္ျဖစ္လာမယ္လို႔ ခန႔္မွန္းရပါတယ္။ တ႐ုတ္ကုမၸဏီေတြရဲ႕ ေဈးကြက္ေဝစုခြဲေဝမႈကို ျပန္လည္ရင္ဆိုင္ဖို႔အတြက္ ျပင္ဆင္လာတဲ့ ကိုရီးယားကုမၸဏီဟာ Galaxy M30 ကိုလည္း ထပ္ၿပီး မိတ္ဆက္ေပးဦးမွာပါ။

အိႏၵိယမွာေတာ့ Galaxy M10 နဲ႔ Galaxy M20 ႏွစ္မ်ိဳးကို မိတ္ဆက္ေပးၿပီးသြားပါၿပီ။ အခုေတာ့ Galaxy M30 အလွည့္လို႔ ဆိုရမွာပါ။ M30 ကလည္း သူ႔ေရွ႕ကထြက္ခဲ့တဲ့ M10 နဲ႔ M20 ေတြလိုမ်ိဳး ဆင္တူတဲ့ကိုယ္ထည္ဖြဲ႕စည္းပုံ ရွိလာမွာပါ။ Diagram မွာ ျမင္ေတြ႕ရတဲ့ အ႐ြယ္အစား က 159mm x 75.1mm ျဖစ္တာေၾကာင့္ M20 ထက္ အနည္းငယ္ ပိုႀကီးမွာျဖစ္ပါတယ္။

Galaxy M30 ရဲ႕မ်က္ႏွာျပင္ဟာ AMOLED မ်က္ႏွာျပင္အမ်ိဳးအစားပါပဲ။ Infinity-V Notch ထဲမွာ 16MP (f/2.0) Selfie ကင္မရာကို ေတြ႕ျမင္ရပါတယ္။ ေအာက္ေျခမွာေတာ့ USB Type-C port ထည့္သြင္းထားတာပါ။ ေနာက္ေက်ာဘက္မွာေတာ့ 13MP (f/1.9) + 5MP (f/2.2) + 5MP (f/2.2) ကင္မရာသုံးလုံးကို အေပၚေအာက္ တန္းစီၿပီးတပ္ဆင္ထားတာကို ေတြ႕ရမွာပါ။ ကင္မရာ သုံးလုံးေအာက္မွာ Flash ပါဝင္ပါတယ္။ အလယ္မွာေတာ့ Fingerprint sensor ကို ေတြ႕ျမင္ရပါတယ္။

Galaxy M30 မွာ Exynos 7904 chipset ကို သုံးထားမယ္လို႔ သတင္းထြက္ေပၚထားတာကေတာ့ အတည္မျပဳႏိုင္ေသးပါဘူး။ မန္မိုရီ 6GB RAM နဲ႔ 128GB Storage ျဖစ္လာမယ္လို႔လည္း သိရပါတယ္။ ေနာက္တစ္ခ်က္က 5,000 hAh ဘက္ထရီ အသုံးျပဳမယ္ဆိုတာပါ။ Galaxy M20 က 5,000 mAh နဲ႔ ထြက္ထားတာဆိုေတာ့ M30 မွာလည္း တူညီတဲ့ ပမာဏအတိုင္းပဲ ထြက္လာမယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy M30 ရဲ့ အရွယ်အစားနဲ့ အချက်အလက်အချို့ ထပ်မံပေါက်ကြားလာ

၂၀၁၉ မှာ Samsung ရဲ့ Galaxy M Series သစ်ကလည်း ဈေးကွက်ဖော်ဆောင်မှုပိုင်းမှာ အတော်လေးကို ထိရောက်တဲ့ မော်ဒယ်ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။ တရုတ်ကုမ္ပဏီတွေရဲ့ ဈေးကွက်ဝေစုခွဲဝေမှုကို ပြန်လည်ရင်ဆိုင်ဖို့အတွက် ပြင်ဆင်လာတဲ့ ကိုရီးယားကုမ္ပဏီဟာ Galaxy M30 ကိုလည်း ထပ်ပြီး မိတ်ဆက်ပေးဦးမှာပါ။

အိန္ဒိယမှာတော့ Galaxy M10 နဲ့ Galaxy M20 နှစ်မျိုးကို မိတ်ဆက်ပေးပြီးသွားပါပြီ။ အခုတော့ Galaxy M30 အလှည့်လို့ ဆိုရမှာပါ။ M30 ကလည်း သူ့ရှေ့ကထွက်ခဲ့တဲ့ M10 နဲ့ M20 တွေလိုမျိုး ဆင်တူတဲ့ကိုယ်ထည်ဖွဲ့စည်းပုံ ရှိလာမှာပါ။ Diagram မှာ မြင်တွေ့ရတဲ့ အရွယ်အစား က 159mm x 75.1mm ဖြစ်တာကြောင့် M20 ထက် အနည်းငယ် ပိုကြီးမှာဖြစ်ပါတယ်။

Galaxy M30 ရဲ့မျက်နှာပြင်ဟာ AMOLED မျက်နှာပြင်အမျိုးအစားပါပဲ။ Infinity-V Notch ထဲမှာ 16MP (f/2.0) Selfie ကင်မရာကို တွေ့မြင်ရပါတယ်။ အောက်ခြေမှာတော့ USB Type-C port ထည့်သွင်းထားတာပါ။ နောက်ကျောဘက်မှာတော့ 13MP (f/1.9) + 5MP (f/2.2) + 5MP (f/2.2) ကင်မရာသုံးလုံးကို အပေါ်အောက် တန်းစီပြီးတပ်ဆင်ထားတာကို တွေ့ရမှာပါ။ ကင်မရာ သုံးလုံးအောက်မှာ Flash ပါဝင်ပါတယ်။ အလယ်မှာတော့ Fingerprint sensor ကို တွေ့မြင်ရပါတယ်။

Galaxy M30 မှာ Exynos 7904 chipset ကို သုံးထားမယ်လို့ သတင်းထွက်ပေါ်ထားတာကတော့ အတည်မပြုနိုင်သေးပါဘူး။ မန်မိုရီ 6GB RAM နဲ့ 128GB Storage ဖြစ်လာမယ်လို့လည်း သိရပါတယ်။ နောက်တစ်ချက်က 5,000 hAh ဘက်ထရီ အသုံးပြုမယ်ဆိုတာပါ။ Galaxy M20 က 5,000 mAh နဲ့ ထွက်ထားတာဆိုတော့ M30 မှာလည်း တူညီတဲ့ ပမာဏအတိုင်းပဲ ထွက်လာမယ်လို့ ယူဆရပါတယ်။

Ref: GSMArena