Galaxy M31s ကို အိန္ဒိယမှာ ဒီလကုန် ကြေညာမှာ ဖြစ်ပြီး ဩဂုတ်လမှာ ရောင်းမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပြီး အခုတော့ ရောင်းမယ့် နေ့ရက် အတိအကျ ထွက်လာပါတယ်။ ဩဂုတ်လ ၆ ရက်နေ့မှာ Amazon နဲ့ Samsung အွန်လိုင်းစတိုးတွေကနေ ဝယ်ယူနိုင်မှာပါ။

ရူပီး ၂၀,၀၀၀ လောက်နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၃ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။ အဲဒီဖုန်းရဲ့ ဓါတ်ပုံအသစ်တွေလည်း မကြာခင်က ထွက်ပေါ်ခဲ့ပြီး အနောက်ဘက်ကို ပြထားတဲ့ ၁ ပုံမှာ လက်ဗွေရာ ကိရိယာ မမြင်ရပါဘူး။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာနိုင်ပေမယ့် မသေချာသေးပါဘူး။

အရှေ့ဘက်မှာ ဆဲလ်ဖီး ကင်မရာ အတွက် Punch Hole ကို အလယ်မှာ တပ်ဆင်ထားပြီး Galaxy M31 ကလို Waterdrop Notch မပါလာပါဘူး။ M31s မှာ အရွယ်ကြီး 6,000mAh ဘက်ထရီပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 5MP Depth နဲ့ 5MP Macro ကင်မရာ ၄ လုံးကို L ပုံစံ တပ်ဆင်ထားပါတယ်။

M31s မှာ Samsung Exynos 9611 SoC , 6GB RAM , 64GB Storage တွေ ထည့်သွင်းထားနိုင်ပြီး microSD Card စိုက်နိုင်ပါတယ်။ Android 10 အခြေပြု One UI 2.1 နဲ့ 15W Charging ပါလာနိုင်ပါတယ်။

Ref : gsmarena