Samsung Galaxy M62 ကို ထိုင်းက National Broadcasting Telecommunications Commission (NBTC) မှာ မှတ်ပုံတင်လိုက်ပါတယ်။ အာဏာပိုင် အဖွဲ့အစည်းများစွာမှာ မှတ်ပုံတင်ထားတဲ့အတွက် ကြေညာဖို့ သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။ NBTC မှာ မော်ဒယ်နံပါတ်က SM-M625F/DS ဖြစ်ပြီး တခြား Specs တွေကို မဖော်ပြထားပါဘူး။ Bluetooth SIG နဲ့ WiFi Alliance တို့မှာလည်း အဲဒီ မော်ဒယ်နံပါတ်ကို မှတ်ပုံတင်ထားပြီး Galaxy M62 မှာ Bluetooth 5.0 , Dual-band WiFi နဲ့ Android 11 OS တွေ ပါမယ်လို့ ဖော်ပြထားပါတယ်။

Samsung Galaxy M62 NBTC certification

Samsung ဟာ Galaxy F62 အမည်ရ ဖုန်း ၁ လုံးကိုလည်း ကြေညာဖို့ ပြင်ဆင်နေပါတယ်။ F62 ဟာ M62 ကို နာမည်ပြောင်းထားတဲ့ မော်ဒယ် ဖြစ်နိုင်သလို Specs အများစု တူနေတာလည်း ဖြစ်နိုင်ပါတယ်။ F62 ရဲ့ မော်ဒယ်နံပါတ် ဖြစ်တဲ့ SM-E625F/DS နဲ့ SM-M625G တို့ကို FCC မှာ တွေ့ထားပြီး 4G LTE, NFC Support , 7,000mAh ဘက်ထရီနဲ့ 25W Fast Charging တွေပါတယ်လို့ ဖော်ပြထားပါတယ်။

Galaxy F62 မှာ Exynos 9825 Chipset နဲ့ 6GB RAM ထည့်ထားမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။ 256GB Storage ပါလာနိုင်မယ်လို့ ထင်ရပြီး F62 ကို အိန္ဒိယက BIS မှာ မှတ်ပုံတင်ထားကာ Samsung ရဲ့ အိန္ဒိယ ဝက်ဘ်ဆိုက်မှာ Support Page ကို လွှင့်တင်ထားပါတယ်။

Galaxy F62 ရဲ့ ပေါက်ကြားဓါတ်ပုံတွေအရ AMOLED မျက်နှာပြင်ပါလာနိုင်ပြီး လက်ဗွေရာ ကိရိယာကိုလည်း မျက်နှာပြင်အောက်မှာ မြှပ်နှံထားနိုင်ပါတယ်။ အနောက်ကင်မရာတွေကို လေးထောင့်ပုံ အကွက်ထဲမှာ ထည့်သွင်းထားနိုင်ပြီး 3.5mm Audio Jack နဲ့ USB-C တွေ ပါလာပါတယ်။ Samsung ဟာ Galaxy M62 / F62 တို့ အပြင် Galaxy F12 , A72 နဲ့ A52 တို့ကို ဒီလမှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina