Samsung ရဲ့ လာမယ့် Galaxy Note 20 စီးရီးနဲ့ပတ်သက်တဲ့ သတင်းတွေကတော့ အတော်လေးကို ဝေဝေဆာဆာဖြစ်နေပါပြီ။ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးကလည်း ဒီ Galaxy Note 20 စီးရီးနဲ့ပတ်သက်တဲ့သတင်းတွေကို ရက်ရက်ရောရောကို ထုတ်ပြနေတယ်လို့တောင် ဆိုရတော့မလိုပဲ ဖြစ်ပါတယ်။

Galaxy Note 20 , Galaxy Note 20 Ultra တို့နဲ့ပတ်သက်တဲ့သတင်းပေါက်ကြားမှုတွေဟာ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ဒီဟန်းဆက်တွေနဲ့ပတ်သက်တဲ့ အချက်အလက်အတော်များများကိုလည်း သိခဲ့ကြရပြီးဖြစ်ပါတယ်။ အခုလည်း Galaxy Note 20 ရဲ့ 360 degree render တွေ ထွက်လာပြန်ပါပြီ။

တရားဝင်မိတ်ဆက်မှုမတိုင်မီ Galaxy Note 20 ကို သေသေချာချာချာ၊ ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်တဲ့ ဒီ 360 render တွေကို ဖော်ထုတ်ပေးလိုက်တာကတော့ ဇာတ်လိုက်ကျော်ကြီး Evan Blass ပဲ ဖြစ်ပါတယ်။ Evan ရဲ့ မျှဝေမှုအရ Galaxy Note 20 ဟာ Curved display မဟုတ်ဘဲ လုံးဝကို Flat display ဒီဇိုင်းဖြစ်တာကို တွေ့မြင်နိုင်ကြပါတယ်။

မျက်နှာပြင်ဟာ Samsung ရဲ့ ပြီးခဲ့တဲ့ Flagship တွေမှာမြင်ခဲ့ရသလိုပဲ Punch-hole ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ Note 20 မှာလည်း မျက်နှာပြင်အပေါ်ဘက်အလယ်တည့်တည့်မှာ Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။ နောက်ကျောဘက်မှာတော့ စတုဂံပုံကင်မရာအိမ်ဖွဲ့စည်းမှုနဲ့အတူ ကင်မရာသုံးလုံးနဲ့ LED ဖလက်ရှ်တစ်ခုကို တွေ့မြင်နိုင်ပါတယ်။

Samsung ဟာ Galaxy Note 20 စီးရီးကို လာမယ့် သြဂုတ်လမှာကျင်းပဖို့စီစဉ်ထားတဲ့ Galaxy Unpacked ပွဲအတွင်း ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီမော်ဒယ်တွေကို Snapdragon 865+ ဒါမှမဟုတ် Exynos 992 တွေအသုံးပြုထားပြီး အခြေခံသိုလှောင်မှု 128GB နဲ့ 16G of RAM အထိ ထောက်ပံ့ပေးထားမယ်လို့လည်း သိရပါတယ်။

Ref: Gizmochina