Samsung ရဲ့ Flagship စမတ်ဖုန်းတွေဟာ US နဲ့တချို့သောစျေးကွက်အတွက် Qualcomm Snapdragon Chipset ကိုအသုံးပြုထားပြီး ကျန်တဲ့ Global စျေးကွက်အတွက်ကတော့ ကိုယ်ပိုင် Exynos Chipset ကိုပဲ အသုံးပြုတာဖြစ်ပါတယ်။ အဲ့ဒီအတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားမှာ Exynos Version ကိုပဲ ဝယ်ယူနိုင်တာဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းတုန်းက Galaxy S20 Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ Exynos 990 Chipset ဟာ Qualcomm Snapdragon 865 Chipset နဲ့ယှဥ်မယ်ဆိုရင် အားနည်းနေတဲ့အတွက် ဝေဖန်ချက်တွေအများအပြားခံခဲ့ရပါတယ်။ မကြာခင်မိတ်ဆက်တော့မယ့် Galaxy Note 20 Series ဖုန်းတွေဟာ ပိုမိုမြန်ဆန်တဲ့ Snapdragon 865+ Chipset ကို Update လုပ်လာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်း ပိုတိုးတက်လာမှာပါ။ ဒါပေမယ့်လည်း Global Exynos Version မှာတော့ ပြောင်းလဲမှာမဟုတ်တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Samsung ဟာ Snapdragon Version မှာ Snapdragon 865+ ကို အဆင့်မြှင့်တင်ထားမှာဖြစ်ပေမယ့် Exynos Version မှာတော့ S20 Series မှာအသုံးပြုထားတဲ့ Exynos 990 Chipset ကိုပဲ အသုံးပြုလာမှာဖြစ်တဲ့အတွက်ပါ။ အဆိုပါ သတင်းကို နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe အပြင် XDA Developers က Max Weinbach ကပါ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒါကလည်း လက်ရှိပေါက်ကြားထားတဲ့ Firmware တွေအရ Exynos Chipset အသစ်ကိုမတွေ့ရှိတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အစောပိုင်းတုန်းက 6nm Architecture ကိုအခြေခံထားပြီး စွမ်းဆောင်ရည်ပိုကောင်းမယ့် Exynos 992 Chipset ကို Global Note 20 Series ဖုန်းတွေမှာ အသုံးပြုလာမယ်လို့ သတင်းတွေထွက်ရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့် ယခုသတင်းသာသေချာပြီးတေ့ာ Exynos 990 Chipset ကိုပဲ ဆက်လက်အသုံးပြုလာဦးမယ်ဆိုရင် Snapdragon Version နဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ထပ်ပြီး သိသိသာသာအားနည်းသွားဦးမှာပါ။

Ref – Giz China