Samsung ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက စမတ်ဖုန်းအမျိုးအစား ၈ မျိုးအတွက် OneUI 3.0 Beta Program ကို တရားဝင်ကြေညာခဲ့ပါတယ်။ အခုအချိန်မှာလည်း အဆိုပါ စမတ်ဖုန်းတွေထဲက Galaxy Note 10 နဲ့ Note 10+ ဖုန်းတွေအတွက် OneUI 3.0 Beta Update ကို စတင်ရရှိနေပြီလို့ သိရပါတယ်။

လောလောဆယ်မှာတော့ Samsung ကနေ South Korea နိုင်ငံအတွက်ပဲ Note 10 Series ဖုန်းတွေအတွက် OneUI 3.0 Beta Update ကို ထုတ်ပေးထားတာဖြစ်ပါတယ်။ အဆိုပါ Firmware Version Number အနေနဲ့ “N976NKSU1ZTK6” လို့ ပေးထားပြီးတော့ November 2020 Android Security Patch လည်းပါဝင်မယ်လို့ သိရပါတယ်။

Samsung ရဲ့ OneUI 3.0 Update ဟာဆိုရင် Google ရဲ့ Stock Android 11 Update မှာပါဝင်တဲ့ Feature တွေအကုန်လုံးတော့ ပါဝင်မှာမဟုတ်ပေမယ့် Media Control ပိုင်းနဲ့ Notification ပိုင်းတွေမှာ သိသိသာသာပြောင်းလဲထားမှာဖြစ်ပါတယ်။ တကယ်လို့ တခြားသော Region တွေအတွက်ပါ OneUI 3.0 Beta Update ကိုထုတ်ပေးနေပြီဆိုရင်တော့ Samsung Members App ကနေ Update ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Samsung ကနေ OneUI 3.0 Beta Update ကို Galaxy Z Flip 5G ၊ Galaxy Z Fold2 5G ၊ Galaxy S10 ၊ S10 5G ၊ S10e နဲ့ Galaxy S10+ ဖုန်းတွေအတွက် ရရှိမယ်လို့ ကြေညာခဲ့ပြီး နောက်ပိုင်းမှာ တခြားသောစမတ်ဖုန်းတွေအတွက်ပါ ထုတ်ပေးသွားမယ်လို့ ယူဆရပါတယ်။

Ref- GSM Arena