[Zawgyi]

ေတာင္ကိုရီးယားမွာေတာ့ Samsung Galaxy Note 10 ဟာ လူႀကိဳက္မ်ားေနၿပီး ၿပီးခဲ့တဲ့ ႏွစ္က Note 9 ထက္ ႀကိဳတင္မွာယူမႈဟာ ၂ ဆပိုမ်ားေနပါတယ္။ ဒီလ ၉ ရက္ေန႔မွာ ႀကိဳတင္မွာယူခြင့္ျပဳလိုက္တာ ျဖစ္တဲ့အတြက္ ၁၃ ရက္ပဲရွိပါေသးတယ္။ ကုမၸဏီက လာမယ့္ ေသာၾကာေန႔မွာ ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္။

၁၃ ရက္အတြင္းမွာ Note 10 နဲ႔ Note 10+ အလံုးေပါင္း ၁.၃ သန္းကို ႀကိဳတင္မွာယူခဲ့ၾကပါတယ္။ လူႀကိဳက္အမ်ားဆံုးက 256GB Storage ပါတဲ့ Aura Glow အေရာင္ Galaxy Note 10+ 5G ျဖစ္ပါတယ္။ Samsung က ေတာင္ကိုရီးယားမွာသာ Note 10 နဲ႔ Note 10+ အတြက္ 5G Version ေတြကို ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယား Carriers ေတြက ၀ယ္ယူသူေတြအတြက္ ၀မ္ ၁၈၀,၀၀၀ ကေန ၄၅၀,၀၀၀ အထိ ေစ်းေလွ်ာ့ေပးေနၾကပါတယ္။ ျမန္မာေငြနဲ႔ ဆိုရင္ ၂၃၀,၀၀၀ ကေန ၅၇၀,၀၀၀ ေလာက္ ရွိပါတယ္။ KT ရဲ႕ Premium Plans ကေတာ့ အမ်ားဆံုး ေစ်းေလွ်ာ့ေပးထားၿပီး SK Telecom နဲ႔ LG Uplus တို႔က ၀မ္ ၄၂၀,၀၀၀ အထိ ေစ်းေလွ်ာ့ေပးထားၿပီး ျမန္မာေငြ ၅၃၀,၀၀၀ ေလာက္ရွိပါတယ္။

ဒီေနရာမွာ အျငင္းပြားစရာအခ်ိဳ႕ရွိေနပါတယ္။ KT Retailers အခ်ိဳ႕က ၀မ္ ၇၀၀,၀၀၀ (ျမန္မာေငြ ၈၈၀,၀၀၀ ေလာက္)  အထိ ေစ်းေလွ်ာ့ေပးေနၿပီး အဲဒီပမာဏကို ကိုရီးယားဆက္သြယ္ေရး ေကာ္မရွင္က ခြင့္မျပဳထားပါဘူး။ Galaxy Note 10 ရဲ႕ တကယ့္ ေရာင္းေစ်းဟာ ၀မ္ ၁,၁၀၀,၀၀၀ (ျမန္မာေငြ ၁,၄၀၀,၀၀၀ ေလာက္) ရွိတဲ့အတြက္ အရမ္းကို ေစ်းေလွ်ာ့ေပးေနတာပါ။

Ref : gsmarena

[Unicode]

Samsung Galaxy Note 10 Series ကို ကြိုတင်မှာယူမှုဟာ Note 9 ထက် ၂ ဆပိုများနေ

တောင်ကိုရီးယားမှာတော့ Samsung Galaxy Note 10 ဟာ လူကြိုက်များနေပြီး ပြီးခဲ့တဲ့ နှစ်က Note 9 ထက် ကြိုတင်မှာယူမှုဟာ ၂ ဆပိုများနေပါတယ်။ ဒီလ ၉ ရက်နေ့မှာ ကြိုတင်မှာယူခွင့်ပြုလိုက်တာ ဖြစ်တဲ့အတွက် ၁၃ ရက်ပဲရှိပါသေးတယ်။ ကုမ္ပဏီက လာမယ့် သောကြာနေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

၁၃ ရက်အတွင်းမှာ Note 10 နဲ့ Note 10+ အလုံးပေါင်း ၁.၃ သန်းကို ကြိုတင်မှာယူခဲ့ကြပါတယ်။ လူကြိုက်အများဆုံးက 256GB Storage ပါတဲ့ Aura Glow အရောင် Galaxy Note 10+ 5G ဖြစ်ပါတယ်။ Samsung က တောင်ကိုရီးယားမှာသာ Note 10 နဲ့ Note 10+ အတွက် 5G Version တွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား Carriers တွေက ဝယ်ယူသူတွေအတွက် ဝမ် ၁၈၀,၀၀၀ ကနေ ၄၅၀,၀၀၀ အထိ ဈေးလျှော့ပေးနေကြပါတယ်။ မြန်မာငွေနဲ့ ဆိုရင် ၂၃၀,၀၀၀ ကနေ ၅၇၀,၀၀၀ လောက် ရှိပါတယ်။ KT ရဲ့ Premium Plans ကတော့ အများဆုံး ဈေးလျှော့ပေးထားပြီး SK Telecom နဲ့ LG Uplus တို့က ဝမ် ၄၂၀,၀၀၀ အထိ ဈေးလျှော့ပေးထားပြီး မြန်မာငွေ ၅၃၀,၀၀၀ လောက်ရှိပါတယ်။

ဒီနေရာမှာ အငြင်းပွားစရာအချို့ရှိနေပါတယ်။ KT Retailers အချို့က ဝမ် ၇၀၀,၀၀၀ (မြန်မာငွေ ၈၈၀,၀၀၀ လောက်) အထိ ဈေးလျှော့ပေးနေပြီး အဲဒီပမာဏကို ကိုရီးယားဆက်သွယ်ရေး ကော်မရှင်က ခွင့်မပြုထားပါဘူး။ Galaxy Note 10 ရဲ့ တကယ့် ရောင်းဈေးဟာ ဝမ် ၁,၁၀၀,၀၀၀ (မြန်မာငွေ ၁,၄၀၀,၀၀၀ လောက်) ရှိတဲ့အတွက် အရမ်းကို ဈေးလျှော့ပေးနေတာပါ။

Ref : gsmarena