Samsung Galaxy Note20 နဲ့ Note20 Ultra ကို နောက် ၁ ပတ်မှာ ကြေညာတော့မှာဖြစ်ပြီး အခုတော့ Unpacked Event မတိုင်ခင်မှာ Samsung Galaxy Note20 Case ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ Roland Quandt က မျှဝေထားတာ ဖြစ်ပြီး သားရေကာဗာ ဖြစ်ပါတယ်။ ဓါတ်ပုံကို ကြည့်ရတာ ဆီလီကွန်တော့ မဟုတ်လောက်ပါဘူး။

စိတ်ဝင်စားစရာ အကောင်းဆုံးက Flip ကာဗာ ၂ ခု ဖြစ်ပါတယ်။ ပထမ ၁ ခုဟာ အရင်ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ Smart Clear View ကာဗာနဲ့ အရမ်း တူပြီး အကြည်ရောင် လိုင်းကြောင်း ၁ ခု ပါပါတယ်။ အဲဒီကနေ ဖုန်း မျက်နှာပြင် တစ်စိတ်တစ်ပိုင်းကို ကြည့်ရှုလို့ရပါတယ်။ ရိုးရိုး Flip ကာဗာ ၁ ခုလည်း တွေ့ရပြီး S-View တော့ ကြည့်လို့ မရပေမယ့် Credit/Debit/ID ထည့်လို့ရတဲ့ အကန့်ပါပါတယ်။

အဲဒီ ကာဗာတွေကို ဖုန်း အရောင်နဲ့ လိုက်အောင် ထုတ်လုပ်ထားမှာဖြစ်ပြီး Mystic White Ultra အတွက် အဖြူရောင်တော့ မမြင်ရသေးပါဘူး။ ဒီထက်မကတဲ့ အရောင်နဲ့ ဒီဇိုင်းတွေ ထွက်လာမှာ သေချာပါတယ်။ ပျော့ပြောင်းတဲ့ ဆီလီကွန် ကာဗာတွေလည်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

Ref : gsmarena