Samsung ဟာ အခုအချိန်မှာ Android 11 ကို အခြေခံထားတဲ့ OneUI 3.0 Update ကို Flagship စမတ်ဖုန်းတွေအတွက် ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက Galaxy S20 Series ဖုန်းတွေအတွက် ထုတ်ပေးခဲ့ပေမယ့် Galaxy S20 FE ဖုန်းအတွက်တော့ ချန်လှပ်ခဲ့တယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ Galaxy Note 20 Series ဖုန်းတွေအတွက် Android 11 ကို အခြေခံထားတဲ့ OneUI 3.0 Stable Update ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Galaxy S20 FE ဖုန်းပါ OneUI 3.0 Stable Update ကို ရရှိလာတယ်လို့ သိရပါတယ်။

ဒါပေမယ့် တစ်ခုရှိတာကတော့ လောလောဆယ်မှာ Exynos Chipset ကို အသုံးပြုထားတဲ့ 4G Version Galaxy S20 FE ပဲ OneUI 3.0 Update ကို ရရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျန်တဲ့ Galaxy S20 FE Model တွေအနေနဲ့ကတော့ အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ လောလောဆယ်မှာ Russia Region အတွက် အစောဆုံးထုတ်ပေးထားတာဖြစ်ပါတယ်။

အခု OneUI 3.0 Update နဲ့အတူ December Security Patch လည်းပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ကျန်တဲ့ OneUI 3.0 ရဲ့ Feature တွေဖြစ်တဲ့ Media Control အသစ်အပြင် Notification ၊ UI ပိုင်းမှာ ပြောင်းလဲမှုတွေလည်း အများအပြားရှိလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ Galaxy S21 Series ဖုန်းတွေကို မိတ်မဆက်ခင်မှာ ဒီနှစ်ထွက်ထားတဲ့ Flagship ဖုန်းတွေအကုန်လုံးကို OneUI 3.0 Stable Update ထုတ်ပေးပြီးဖြစ်ပါတယ်။

Ref – GSM Arena