Zawgyi

အေစာပိုင္းက ထြက္ရွိခဲ့တဲ့ သတင္းေတြအရဆိုရင္ Samsung ရဲ႕ ပထမဦးဆုံး In-Display Fingerprint နည္းပညာကို Galaxy S10 မွာ စတင္ အသုံးျပဳမယ္လို႔ သိရပါတယ္။ ဒီေန႔မွာေတာ့ Galaxy S10 ဟာ Samsung ရဲ႕ ပထမဦးဆုံး In-Display Fingerprint Sensor အသုံးျပဳ စမတ္ဖုန္း မျဖစ္ႏိုင္ဘဲ Galaxy P30 ကသာ ပထမဦးဆုံး ျဖစ္ႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

P စီးရီးေတြကို ထုတ္ေလ့ ထုတ္ထ မရွိတဲ့ Samsung က ခုမွ ဘာစိတ္ကူးေပါက္ၿပီး Galaxy P30 လို႔ ကင္ပြန္းတပ္ထားလဲဆိုတာ စဥ္းစားစရာပါ။ ေနာက္ၿပီး P စီးရီးေတြကို စၿပီး အသက္သြင္းမယ္ဆိုရင္ေတာင္ P30 ကို ဘာလို႔ခုန္တက္သြားလဲဆိုတာကလည္း စိတ္ဝင္စားစရာ ေကာင္းပါတယ္။ ကြၽန္ေတာ့ရဲ႕ အျမင္ကိုေျပာရမယ္ဆိုရင္ Huawei ရဲ႕ P စီးရီး စမတ္ဖုန္းေတြကို နည္းပညာ အပိုင္းသာမက၊ နာမည္နဲ႔ပါ ယွဥ္ဖိုက္ခ်င္လို႔ အခုလိုမ်ိဴး ကင္ပြန္းတပ္ထားတာ ျဖစ္ႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က လက္ရွိ Huawei ရဲ႕ P စီးရီး စမတ္ဖုန္းေတြမွာ P20 အထိဘဲ ရွိေသးတာေၾကာင့္ Samsung က P30 ကို ခုန္တက္လိုက္တာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

ေကာလဟလ သတင္းေတြအရဆိုရင္ Samsung အေနနဲ႔ Galaxy P30 နဲ႔ P30+ ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ႏိုင္ပါတယ္။ Galaxy S10 မွာ Qualcomm ဆီက Ultrasonic In-display Fingerprint Sensor ကို အသုံးျပဳႏိုင္ၿပီး P30 စမတ္ဖုန္းေတြမွာေတာ့ Optical In-display Fingerprint Sensor ကို အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ အဆိုပါ စမတ္ဖုန္းေတြကို တ႐ုတ္ႏိုင္ငံမွာပဲ ေရာင္းခ်ႏိုင္ၿပီး ကမာၻအႏွံ႔အျပားကို ျဖန္႔ခ်ီသြားႏိုင္ဖြယ္ မရွိဘူးလို႔ သိရပါတယ္။

Ref: sammobile

 

Unicode

In-display Fingerprint နည်းပညာ ပါဝင်လာနိုင်တဲ့ Samsung Galaxy P30

အစောပိုင်းက ထွက်ရှိခဲ့တဲ့ သတင်းတွေအရဆိုရင် Samsung ရဲ့ ပထမဦးဆုံး In-display Fingerprint နည်းပညာကို Galaxy S10 မှာ စတင် အသုံးပြုမယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ Galaxy S10 ဟာ Samsung ရဲ့ ပထမဦးဆုံး In-display Fingerprint Sensor အသုံးပြု စမတ်ဖုန်း မဖြစ်နိုင်ဘဲ Galaxy P30 ကသာ ပထမဦးဆုံး ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းပြောဆိုထားကြပါတယ်။

P စီးရီးတွေကို ထုတ်လေ့ ထုတ်ထ မရှိတဲ့ Samsung က ခုမှ ဘာစိတ်ကူးပေါက်ပြီး Galaxy P30 လို့ ကင်ပွန်းတပ်ထားလဲဆိုတာ စဥ်းစားစရာပါ။ နောက်ပြီး P စီးရီးတွေကို စပြီး အသက်သွင်းမယ်ဆိုရင်တောင် P30 ကို ဘာလို့ခုန်တက်သွားလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော့ရဲ့ အမြင်ကိုပြောရမယ်ဆိုရင် Huawei ရဲ့ P စီးရီး စမတ်ဖုန်းတွေကို နည်းပညာ အပိုင်းသာမက၊ နာမည်နဲ့ပါ ယှဥ်ဖိုက်ချင်လို့ အခုလိုမျိူး ကင်ပွန်းတပ်ထားတာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က လက်ရှိ Huawei ရဲ့ P စီးရီး စမတ်ဖုန်းတွေမှာ P20 အထိဘဲ ရှိသေးတာကြောင့် Samsung က P30 ကို ခုန်တက်လိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ကောလဟလ သတင်းတွေအရဆိုရင် Samsung အနေနဲ့ Galaxy P30 နဲ့ P30+ ဆိုပြီး ၂မျိူး ထုတ်လုပ်နိုင်ပါတယ်။ Galaxy S10 မှာ Qualcomm ဆီက Ultrasonic In-display Fingerprint Sensor ကို အသုံးပြုနိုင်ပြီး P30 စမတ်ဖုန်းတွေမှာတော့ Optical In-display Fingerprint Sensor ကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ စမတ်ဖုန်းတွေကို တရုတ်နိုင်ငံမှာပဲ ရောင်းချနိုင်ပြီး ကမ္ဘာအနှံ့အပြားကို ဖြန့်ချီသွားနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။

Ref : sammobile