[Zawgyi]

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလလယ္ပိုင္းတုန္းက Samsung Galaxy S10 ေတြမွာ Reverse Wireless Charging စနစ္ ပါဝင္လာႏိုင္တယ္လို႔ ေရးသားေဖာ္ျပခဲ့ဖူးပါတယ္။ အဲဒီတုန္းကေတာ့ ေကာလာဟလအျဖစ္ပဲ ေဖာ္ျပခဲ့ရတာျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ တရားဝင္ထုတ္ျပန္တာမဟုတ္ေပမယ့္ တိက်တဲ့သက္ေသကို ျမင္ေတြ႕လိုက္ရတာေၾကာင့္ အတည္ျပဳႏိုင္ၿပီလို႔ ဆိုရမွာပါ။

သက္ေသကေတာ့ Samsung ကျပဳလုပ္ထားတဲ့ သ႐ုပ္ျပ Booth ကို ႐ိုက္ကူးထားတဲ့ ဓါတ္ပုံကတစ္ဆင့္ သိရတာပဲ ျဖစ္ပါတယ္။ ပုံမွာျမင္ရတဲ့ ထိပ္ဆုံး စာတန္းက အေတြ႕အႀကဳံရယူဖို႔ (စမ္းသပ္ၾကည့္ရႈဖို႔) ခလုတ္ကိုႏွိပ္ပါ ဆိုၿပီး ေရးသားထားတာပါ။ ဒီထဲမွာ Samsung Galaxy S10 ရဲ႕ အဓိက Feature ေတြကို ထည္သြင္းေပးထားတာလို႔ ယူဆရပါတယ္။

ပထမဆုံး ခလုတ္သုံးခုကေတာ့ မိတ္ဆက္ ဗြီဒီယိုကို ျပသတာ၊ ေနာက္တစ္ခုက Display အေၾကာင္း ျပသတာ၊ ေနာက္ထပ္တစ္ခုကေတာ့ In-display fingerprint reader အေၾကာင္း ျပသဖို႔ပဲ ျဖစ္ပါတယ္။ စတုတၳေျမာက္ခလုတ္ကေတာ့ ကင္မရာသုံးလုံးနဲ႔ ပတ္သက္ၿပီး ျပသဖို႔ျဖစ္ပါတယ္။ ေနာက္ဆုံးခလုတ္ကေတာ့ ဒီသတင္းရဲ႕ အဓိကအေၾကာင္းအရာျဖစ္တဲ့ Reverse Wireless Charging စနစ္အေၾကာင္း ျပသမယ့္ ခလုတ္ျဖစ္ေနတာကို ေတြ႕ရပါတယ္။

Reverse Wireless Charging စနစ္ဆိုတာက Galaxy S10 ကေန အျခားဖုန္းတစ္လုံးဆီကို ႀကိဳးမဲ့စနစ္နဲ႔ အားသြင္းေပးႏိုင္တာပါ။ Samsung ကေတာ့ ဒါကို “Powershare” လို႔ အမည္ေပးထားပါတယ္။ ဒီေတာ့ ထပ္ေမးရမယ့္ေမးခြန္းက Samsung အေနနဲ႔ ဘယ္လိုနည္းပညာကို သုံးထားသလဲ ဆိုတာပါ။ ဒါကိုေတာ့ တရားဝင္မိတ္ဆက္တဲ့ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ သိရမယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

Reverse Wireless Charging ပါဝင်လာမယ့် Samsung Galaxy S10

၂၀၁၈ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတုန်းက Samsung Galaxy S10 တွေမှာ Reverse Wireless Charging စနစ် ပါဝင်လာနိုင်တယ်လို့ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ကောလာဟလအဖြစ်ပဲ ဖော်ပြခဲ့ရတာဖြစ်ပေမယ့် အခုအချိန်မှာတော့ တရားဝင်ထုတ်ပြန်တာမဟုတ်ပေမယ့် တိကျတဲ့သက်သေကို မြင်တွေ့လိုက်ရတာကြောင့် အတည်ပြုနိုင်ပြီလို့ ဆိုရမှာပါ။

သက်သေကတော့ Samsung ကပြုလုပ်ထားတဲ့ သရုပ်ပြ Booth ကို ရိုက်ကူးထားတဲ့ ဓါတ်ပုံကတစ်ဆင့် သိရတာပဲ ဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့ ထိပ်ဆုံး စာတန်းက အတွေ့အကြုံရယူဖို့ (စမ်းသပ်ကြည့်ရှုဖို့) ခလုတ်ကိုနှိပ်ပါ ဆိုပြီး ရေးသားထားတာပါ။ ဒီထဲမှာ Samsung Galaxy S10 ရဲ့ အဓိက Feature တွေကို ထည်သွင်းပေးထားတာလို့ ယူဆရပါတယ်။

ပထမဆုံး ခလုတ်သုံးခုကတော့ မိတ်ဆက် ဗွီဒီယိုကို ပြသတာ၊ နောက်တစ်ခုက Display အကြောင်း ပြသတာ၊ နောက်ထပ်တစ်ခုကတော့ In-display fingerprint reader အကြောင်း ပြသဖို့ပဲ ဖြစ်ပါတယ်။ စတုတ္ထမြောက်ခလုတ်ကတော့ ကင်မရာသုံးလုံးနဲ့ ပတ်သက်ပြီး ပြသဖို့ဖြစ်ပါတယ်။ နောက်ဆုံးခလုတ်ကတော့ ဒီသတင်းရဲ့ အဓိကအကြောင်းအရာဖြစ်တဲ့ Reverse Wireless Charging စနစ်အကြောင်း ပြသမယ့် ခလုတ်ဖြစ်နေတာကို တွေ့ရပါတယ်။

Reverse Wireless Charging စနစ်ဆိုတာက Galaxy S10 ကနေ အခြားဖုန်းတစ်လုံးဆီကို ကြိုးမဲ့စနစ်နဲ့ အားသွင်းပေးနိုင်တာပါ။ Samsung ကတော့ ဒါကို “Powershare” လို့ အမည်ပေးထားပါတယ်။ ဒီတော့ ထပ်မေးရမယ့်မေးခွန်းက Samsung အနေနဲ့ ဘယ်လိုနည်းပညာကို သုံးထားသလဲ ဆိုတာပါ။ ဒါကိုတော့ တရားဝင်မိတ်ဆက်တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ သိရမယ်လို့ ယူဆရပါတယ်။

Ref: GSMArena