Zawgyi

Samsung Galaxy S11 ထုတ္ကုန္လိုင္းဟာ လာမယ့္ေဖေဖာ္ဝါရီမွာ ျမင္ေတြ႕ရမယ့္ အႀကီးဆုံးစမတ္ဖုန္းမိတ္ဆက္ပြဲ ေတြထဲက တစ္ခုျဖစ္လာမွာပါ။ ဒါေပမယ့္ ထြက္ရွိဖို႔ လအနည္းငယ္အလိုမွာတင္ Samsung ရဲ႕ Flagship အသစ္ေတြဆီက ဘာေမွ်ာ္လင့္ထားရမလဲဆုိတာ သတင္းေတြထြက္ေနခဲ့ပါၿပီ။

ယခုေနာက္ဆုံးေတြ႕ရတာကေတာ့ တရုတ္ႏုိင္ငံရဲ႕ 3C ေအဂ်င္စီမွ အတည္ျပဳခ်က္တစ္ခုျဖစ္ၿပီး ေမာ္ဒယ္နံပါတ္ SM-G9860 နဲ႔ Galaxy S11 စမတ္ဖုန္းမွာ 5G ခ်ိတ္ဆက္ႏုိင္စြမ္းနဲ႔ 25W အားသြင္းစနစ္တုိ႔ ပါဝင္လာမယ္လို႔ ေဖာ္ျပထားခဲ့ပါတယ္။ အဆုိပါဖုန္းဟာ အခုႏွစ္ထဲမွာ တရုတ္ႏုိင္ငံအတြင္း ေမာ္ဒယ္နံပါတ္ SM-G9730 နဲ႔ထြက္ရွိထားတဲ့ ရုိးရုိး Gaalaxy S10 အတြက္ တုိက္ရုိက္ဆက္ခံသူျဖစ္လာမွာပါ။

အသစ္ပါဝင္လာမယ့္ 25W အားသြင္းစနစ္ဟာ မ်ဳိးဆက္ေဟာင္း S10 စီးရီးမွာပါဝင္ခဲ့တဲ့ 15W နည္းပညာနဲ႔ ယွဥ္ရင္ တုိးတက္မႈလို႔ ဆုိႏုိင္ေပမယ့္ ၂၀၂၀ ခုႏွစ္ထဲမွာ ထြက္လာမယ့္ Flagship တစ္ခုအတြက္ေတာ့ အံ့အားသင့္စရာပမာဏလုိ႔ ဆုိဖို႔ခက္ၿပီး Note10+ ဟန္းဆက္ဆုိရင္ 45W ထိ ပါဝင္ထားပါတယ္။

ယမန္ေန႔ကလည္း S11 စီးရီးမွာ 120Hz Refresh Rate အထိ ပါဝင္လာမယ္လုိ႔ သတင္းထြက္ခဲ့ပါေသးတယ္။ ဒ့ါျပင္ S11 စီးရီးဝင္ စမတ္ဖုန္းေတြဟာ ေစ်းကြက္ကိုလိုက္ကာ ေနာက္ဆုံးေပၚ Snapdragon 865 သို႔မဟုတ္ Exynos 9830 ခ်စ္ပ္ဆက္ေတြကို အသုံးျပဳလာမွာျဖစ္ၿပီး LPDDR5 မန္မုိရီနဲ႔ UFS 3.0 Storage တုိ႔လို နည္းပညာသစ္ေတြနဲ႔ ထြက္ရွိလာမယ္လို႔လည္း သတင္းထြက္ထားပါတယ္။

၂၀၂၀ ရဲ႕ Flagship လႈိင္းကို ဦးေဆာင္လာမယ့္ Galaxy S11 စီးရီးဟာ ကင္မရာပုိင္းမွာလည္း အဓိက 108MP ကင္မရာနဲ႔အတူ 5x Zoom Periscope ယူနစ္ပါဝင္တဲ့ Setup ကိုျမင္ေတြ႕ရဖို႔ရွိၿပီး အျခားကင္မရာနဲ႔ဆုိင္တဲ့ Feature အသစ္ ေတြကိုပါ ထပ္မံျမင္ေတြ႕ရမွာပါ။

Ref – GSM Arena

Unicode

Samsung Galaxy S11 ထုတ်ကုန်လိုင်းဟာ လာမယ့်ဖေဖော်ဝါရီမှာ မြင်တွေ့ရမယ့် အကြီးဆုံးစမတ်ဖုန်းမိတ်ဆက်ပွဲ တွေထဲက တစ်ခုဖြစ်လာမှာပါ။ ဒါပေမယ့် ထွက်ရှိဖို့ လအနည်းငယ်အလိုမှာတင် Samsung ရဲ့ Flagship အသစ်တွေဆီက ဘာမျှော်လင့်ထားရမလဲဆိုတာ သတင်းတွေထွက်နေခဲ့ပါပြီ။

ယခုနောက်ဆုံးတွေ့ရတာကတော့ တရုတ်နိုင်ငံရဲ့ 3C အေဂျင်စီမှ အတည်ပြုချက်တစ်ခုဖြစ်ပြီး မော်ဒယ်နံပါတ် SM-G9860 နဲ့ Galaxy S11 စမတ်ဖုန်းမှာ 5G ချိတ်ဆက်နိုင်စွမ်းနဲ့ 25W အားသွင်းစနစ်တို့ ပါဝင်လာမယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အဆိုပါဖုန်းဟာ အခုနှစ်ထဲမှာ တရုတ်နိုင်ငံအတွင်း မော်ဒယ်နံပါတ် SM-G9730 နဲ့ထွက်ရှိထားတဲ့ ရိုးရိုး Gaalaxy S10 အတွက် တိုက်ရိုက်ဆက်ခံသူဖြစ်လာမှာပါ။

အသစ်ပါဝင်လာမယ့် 25W အားသွင်းစနစ်ဟာ မျိုးဆက်ဟောင်း S10 စီးရီးမှာပါဝင်ခဲ့တဲ့ 15W နည်းပညာနဲ့ ယှဉ်ရင် တိုးတက်မှုလို့ ဆိုနိုင်ပေမယ့် ၂၀၂၀ ခုနှစ်ထဲမှာ ထွက်လာမယ့် Flagship တစ်ခုအတွက်တော့ အံ့အားသင့်စရာပမာဏလို့ ဆိုဖို့ခက်ပြီး Note10+ ဟန်းဆက်ဆိုရင် 45W ထိ ပါဝင်ထားပါတယ်။

ယမန်နေ့ကလည်း S11 စီးရီးမှာ 120Hz Refresh Rate အထိ ပါဝင်လာမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ ဒ့ါပြင် S11 စီးရီးဝင် စမတ်ဖုန်းတွေဟာ ဈေးကွက်ကိုလိုက်ကာ နောက်ဆုံးပေါ် Snapdragon 865 သို့မဟုတ် Exynos 9830 ချစ်ပ်ဆက်တွေကို အသုံးပြုလာမှာဖြစ်ပြီး LPDDR5 မန်မိုရီနဲ့ UFS 3.0 Storage တို့လို နည်းပညာသစ်တွေနဲ့ ထွက်ရှိလာမယ်လို့လည်း သတင်းထွက်ထားပါတယ်။

၂၀၂၀ ရဲ့ Flagship လှိုင်းကို ဦးဆောင်လာမယ့် Galaxy S11 စီးရီးဟာ ကင်မရာပိုင်းမှာလည်း အဓိက 108MP ကင်မရာနဲ့အတူ 5x Zoom Periscope ယူနစ်ပါဝင်တဲ့ Setup ကိုမြင်တွေ့ရဖို့ရှိပြီး အခြားကင်မရာနဲ့ဆိုင်တဲ့ Feature အသစ် တွေကိုပါ ထပ်မံမြင်တွေ့ရမှာပါ။

Ref – GSM Arena