Unicode

အသစ်ထွက်လာတဲ့သတင်းအရတော့ Samsung ဟာ Galaxy S11 စီးရီးကို ယခင်မျှော်လင့်ထားတာထက် ပိုစောပြီး မိတ်ဆက်လာဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အရင်သတင်းတွေမှာ S11 စီးရီးကို ၂၀၂၀ ခုနှစ်ရဲ့ ဖေဖော်ဝါရီ တတိယပတ် သို့မဟုတ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ တွေ့ရမယ်လို့ ဆိုထားပေမယ့် တစ်ပတ်ခန့်ပိုစောပြီး မြင်ရနိုင်ချေရှိကြောင်း ယနေ့မှာ သတင်းထွက်လာပြန်ပါတယ်။

တောင်ကိုရီးယားအခြေစိုက် စမတ်ဖုန်းကုမ္ပဏီကြီးဟာ ၂၀၂၀ အတွက် Flagship စီးရီးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမှာ မိတ်ဆက်ပွဲလုပ်သွားမယ်လို့ ဆိုပါတယ်။ မနှစ်က Galaxy S10 စီးရီးကိုလည်း အဆိုပါနေရာမှာပဲ မိတ်ဆက်ခဲ့တာပါ။

အခုလို စောစီးစွာမိတ်ဆက်လာတဲ့အတွက် Samsung ရဲ့ Flagship အသစ်တွေဟာ MWC2020 ပွဲတော်မတိုင်ခင် အာရုံစိုက်မှုကို အပြည့်အဝရမှာပါ။ MWC ပွဲတော်ဟာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ စမတ်ဖုန်းနည်းပညာကုမ္ပဏီကြီးတွေရဲ့ နောက်ဆုံးပေါ်နည်းပညာထုတ်ကုန်တွေကို ပြသတဲ့ ပွဲဖြစ်တာကြောင့် S11 စီးရီးအနေနဲ့ ဒီပွဲမှာပြသဖို့ သိမ်းထားတဲ့ ပြိုင်ဘက်တွေထက်အရင် လူအများအာရုံစိုက်မှုကို ခံရမှာ အသေအချာပါပဲ။

ဒါ့အပြင် S11 စီးရီးသာမကဘဲ Galaxy Fold 2 ကိုပါ အဆိုပါနေ့မှာ တစ်ပါတည်း မိတ်ဆက်သွားမယ်လို့ပါ သတင်းထွက်လာခဲ့ပါတယ်။ အခုနှစ်မှာလည်း Galaxy S10 နဲ့အတူ ပထမဆုံး Galaxy Fold ကိုကြေညာခဲ့တာကြောင့် Samsung ဟာ ဒီပုံစံကို ဆက်ထိန်းထားဖို့ ဖြစ်နိုင်ခြေမြင့်မားပါတယ်။

Ref – Gizmo China

Zawgyi

အသစ္ထြက္လာတဲ့သတင္းအရေတာ့ Samsung ဟာ Galaxy S11 စီးရီးကုိ ယခင္ေမွ်ာ္လင့္ထားတာထက္ ပိုေစာၿပီး မိတ္ဆက္လာဖို႔ ႀကိဳးစားေနတယ္လို႔ ဆုိပါတယ္။ အရင္သတင္းေတြမွာ S11 စီးရီးကို ၂၀၂၀ ခုႏွစ္ရဲ႕ ေဖေဖာ္ဝါရီ တတိယပတ္ သုိ႔မဟုတ္ ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔မွာ ေတြ႕ရမယ္လို႔ ဆုိထားေပမယ့္ တစ္ပတ္ခန္႔ပိုေစာၿပီး ျမင္ရႏုိင္ေခ်ရွိေၾကာင္း ယေန႔မွာ သတင္းထြက္လာျပန္ပါတယ္။

ေတာင္ကိုရီးယားအေျခစုိက္ စမတ္ဖုန္းကုမၸဏီႀကီးဟာ ၂၀၂၀ အတြက္ Flagship စီးရီးကို ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး အေမရိကန္ႏုိင္ငံ၊ ဆန္ဖရန္စစၥကိုမွာ မိတ္ဆက္ပြဲလုပ္သြားမယ္လို႔ ဆုိပါတယ္။ မႏွစ္က Galaxy S10 စီးရီးကိုလည္း အဆုိပါေနရာမွာပဲ မိတ္ဆက္ခဲ့တာပါ။

အခုလို ေစာစီးစြာမိတ္ဆက္လာတဲ့အတြက္ Samsung ရဲ႕ Flagship အသစ္ေတြဟာ MWC2020 ပြဲေတာ္မတုိင္ခင္ အာရုံစုိက္မႈကို အျပည့္အဝရမွာပါ။ MWC ပြဲေတာ္ဟာ ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ စမတ္ဖုန္းနည္းပညာကုမၸဏီႀကီးေတြရဲ႕ ေနာက္ဆုံးေပၚနည္းပညာထုတ္ကုန္ေတြကို ျပသတဲ့ ပြဲျဖစ္တာေၾကာင့္ S11 စီးရီးအေနနဲ႔ ဒီပြဲမွာျပသဖို႔ သိမ္းထားတဲ့ ၿပိဳင္ဘက္ေတြထက္အရင္ လူအမ်ားအာရုံစုိက္မႈကို ခံရမွာ အေသအခ်ာပါပဲ။

ဒါ့အျပင္ S11 စီးရီးသာမကဘဲ Galaxy Fold 2 ကိုပါ အဆုိပါေန႔မွာ တစ္ပါတည္း မိတ္ဆက္သြားမယ္လို႔ပါ သတင္းထြက္လာခဲ့ပါတယ္။ အခုႏွစ္မွာလည္း Galaxy S10 နဲ႔အတူ ပထမဆုံး Galaxy Fold ကိုေၾကညာခဲ့တာေၾကာင့္ Samsung ဟာ ဒီပုံစံကို ဆက္ထိန္းထားဖို႔ ျဖစ္ႏုိင္ေျချမင့္မားပါတယ္။

Ref – Gizmo China